မနက်စောစော အလုပ်သွားရန် ပြင်နေတုန်းမှာ ဝင်လာသော A Ji ဖုန်း ။
"Hello မောင့် အလှလေး အစောကြီးပဲ လွမ်းလို့လား မောင့်ကို "
"အင်း လွမ်းလို့ ဝရံတာ ခဏထွက်ခဲ့ပါလား "
ဝရံတာ ထွက်ခဲ့တော့ ခြံရှေ့မှာ ရပ်ထားသည့် A Jiကား။ ကားမှန်လေး ချကာ ထွက်လာတဲ့ လက်တုတ်တုတ်လေး ။
"ဟင် မောင့်အိမ်ရှေ့ ရောက်နေတာလား ဘာလဲကွာ "
"Suprise ကလေးပေါက်လေး ကိုကိုတို့ ဒီနေ့ Date ရအောင် ဘူဆန်က ယောက္ခမ အိမ်မှာ "
"ဟား ဘာလဲကွာ လူကို ဝမ်းနည်းရအောင် "
"မြန်မြန် လာခဲ့တော့ မောင်ရ တော်ကြာ ကားပိတ်နေဦးမယ် "
ဖုန်းချကာ အောက်ထပ်ကို ပြေးဆင်းလာတော့ BiBi က အိပ်ချင်မူးတူး ထွက်လာတာနဲ့ တိုးတော့သည်။ ဘူဆန်သွားမည့်အကြောင်း ပြောကာ အိမ်ရှေ့က အလှလေး ရှိရာ သွားတော့ ကားပေါ် ထိုင်ထိုင်ချင်း ရန်တွေ့ခံရတော့သည်။
"မောင့်ကို စိတ်ကောက်တယ် "
"ဟာ ဘာဖြစ်တာတုန်း ချက်ချင်းကြီး"
"မောင်က ကိုကို ရှိနေရက်နဲ့ လှချင်နေတာလေ "
"ဘယ်နားမှာ လှချင်တာလဲကွာ မောင့်သည်းငယ် ကတော့ "
"ရေမွှေးတွေ အများကြီး ဆွတ်လာတာလေ မောင့်ဆီက ရတဲ့ ကိုယ်သင်းနံလေး ကစ ကိုကိုပဲ ရချင်တာကို "
"ပြီးကျ ဆံပင်ကို ဘာလို့ အလည်ခွဲပြီး ချထားရတာလဲ မောင့်ဆံပင် ကောက်ကောက်လေးတွေနဲ့ အက်လို အလည်ခွဲထားရင် ဘယ်လောက် ချစ်စရာ ကောင်းလဲ သိရဲ့လား "
"အမလေး မောင့်သည်းရယ် ရေမွှေးဆွတ်တာက မောင့်အချစ်ဆီလာရင် မောင့်ရနံလေး ရနေရုံနဲ့ ပျော်နေစေချင်လို့ ပြီးကျ ဆံပင်ကလေ မောင် မနက်က ခေါင်းလျှောက်လိုက်လို့ ခေါင်း ဖြီးမလို့ လုပ်နေတုန်း မင်း ရောက်လာလို့ ဒီတိုင်း ထွက်ခဲ့ရတာမလို့ပါ "
"မောင့် မျက်လုံးထဲမှာ A Jiပဲ ရှိတယ် ယုံနော် မောင်က မင်းကို ဒီလောက် ချစ်မဝ ဖြစ်နေတာ ဘာလို့ သူများတွေ ကြည့်ရအောင် လှချင်ရမှာလဲ "
![](https://img.wattpad.com/cover/284653230-288-k263482.jpg)
YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...