Part 16

1K 87 6
                                    

ရုတ်တရက် ချစ်တဲ့အကြောင်းတွေ တည့်တိုး ပြောနေတဲ့ ခြံပိုင်ရှင်ကို ကြည့်ကာ စိတ်က ပိုတောင် ရှုပ်သွားရသည်။ အသည်းကွဲနေတာ Jung Hobiရ ချီးလိုပဲ။

စကားသံအဆုံး မျက်မှောင်ကြုံ့ကာ တည်တင်းသွားတဲ့ မျက်နှာလေးကြောင့် Tae စိတ်ရှူပ်သွားမှန်း သိလိုက်သည်။ ဘာလဲ ဒီတစ်ခါလည်း ကိုယ်မှားပြန်ပီလား Tae ။

"ကျနော် အခု အသည်းကွဲနေတာ Hobi shii ကျနော် ခင်ဗျားကို ပြန်ချစ်နိုင်မယ်လည်း မထင်ဘူး ခင်ဗျားကို အသည်းကွဲ ဒဏ်ရာတွေ ပျောက်ရင် ပြန်စဉ်းစားပေးမယ်လို့လည်း ကျနော် ပြောမှာ မဟုတ်ဘူး "

"ကျနော့်ဘဝတွက် အချစ်ဆိုတာက လုံလောက်ပီမို့ ထပ်ပြီး အချစ်ကို ဘဝထဲ မခေါ်တော့ဘူး ကျနော့်နှလုံးသားက တစ်ယောက်သော သူဆီမှာ မြှုပ်နှံခဲ့ပြီမို့ "

ငြင်းလိုက်တဲ့ စကားတွေက လှလိုက်တာ ယောင်းငယ်ရဲ့။ မင်းရဲ့ တစ်ယောက်သောသူကို အားကျလိုက်တာ။

" အခု ပြန်မချစ်နိုင်ရင်လည်း ရပါတယ် ကျနော်က စောင့်ဆိုင်းရတဲ့ အချိန်တွေကို သိပ်နှစ်သက်ပါတယ် "

"ကျနော် စောင့်ဆိုင်းရတဲ့သူက ယောင်းငယ် ဖြစ်နေတဲ့တွက် နှစ်ပေါင်း ရာချီရင်တောင် ကျနော် စောင့်မှာပါ "

"အကယ်၍ ကျနော်က မတော်တဆ သေသွားရင်တောင် ဟိုဘက် ဘဝကို ကြိုသွားပြီး စောင့်နေပါ့မယ် "

"ပြီးတော့ အချစ်ခံကြည့်ပါ ယောင်းငယ် ကိုယ်ကပဲ ချစ်ပေးရတာ ပင်ပန်းနေပီမလား အခုချိန်ကစပြီး ကိုယ်က ယောင်းပင်ပန်းခဲ့တာထက် နှစ်ဆ ပိုချစ်ပေးမှာမို့ "

"ယတိပြတ်တော့ မငြင်းလိုက်ပါနဲ့ ယောင်းရာ မင်းနဲ့တွေ့မှ ဖြစ်တည်လာတဲ့ ဒီချစ်ခြင်းတွေက မင်း တွေ့ခဲ့ဖူးတဲ့ အပေါစားမေတ္တာ တွေ ထက် အများကြီး နွေးထွေးတာမို့ မငြင်းပါနဲ့ "

အပြတ်ပြောတာတောင် ဇွတ်အတင်း ချစ်တဲ့ အကြောင်း ချစ်ပေးတဲ့ အကြောင်းတွေ ကို ငိုတော့မတတ်ပြောနေတဲ့ ခြံပိုင်ရှင်ကို ကြည့်ကာ Tae ကိုယ် Tae ပြန်မြင်လာရသည်။

ချစ်ရတဲ့သူတွေ အတွက်ဆို ဘာကိုမှ မမြင်တော့လောက်အောင် ဖြစ်သွားတဲ့ သူတွေထဲမှာ Tae နဲ့ သူလည်း အပါပေါ့ ။

Your existenceWhere stories live. Discover now