A Jiမွေးနေ့ သိရဖို့ Tae Tae Hyungကို သူလိုချင်တဲ့ ဂိမ်းစက်ဝယ်ကာ လာဘ်ထိုးလိုက်ရသည်။ ပြဿနာ ဖြစ်ပြီး သည့် နေထဲက ကူး တို့ နှစ်ယောက် စကားသိပ်မပြောဖြစ်ကြပေ။
မပြောဖြစ်တာထက် မပြောရဲတာ ပိုမှန်မည်။ A Jiကလည်း အလုပ်သာ လာနေတာ စိတ်တွေက တခြားရောက်နေသယောင်နဲ့မို့ အနှောက်ယှက်မပေးချင်တာနဲ့ ကူး အလိုတသိ တိတ်ဆိတ်ပေးခဲ့တာဖြစ်သည်။
A Jiမွေးနေ့ကို သိချင်၍ သွားမေးတဲ့ နေ့က Tae Tae Hyungရဲ့ မျက်ဝန်း တွေက ဝမ်းနည်း နေသယောင် ။
"Hyung ကျနော် မေးစရာ ရှိလို့လေ Hyungအားလား "
"အားတယ် မေးလေ "
"ဟီး ကျနော် ပုစိလေး အကြောင်း မေးချင်လို့ "
ကော်ဖီခွက်ကို လှမ်းနေတဲ့ လက်တို့က လေထဲတွင် ရပ်တန့်လျက် မော့ကြည့်လာသော Tae Tae Hyungရဲ့ မျက်လုံးတွေက ဆွေးရိပ်သန်းလျက်
"အင်း မေးလေ ဘာသိချင်တာလဲ "
"အကုန်သိချင်တာ ဒါမဲ့ Hyungကို အားနာလို့ တစ်ခုပဲ မေးတော့မယ် သူ့ မွေးနေ့ကို သိချင်တာ "
"လာမယ့် 13ရက်နေ့ "
"ဟင် သိပ်မလိုတော့ဘူးပဲ "
"မင်း Ji ကို စိတ်ဝင်စားနေတာလား Jk "
"အဟွန်း အရမ်း သိသာနေလားဟင် Hyungကသာ သိတာပါ ကာယကံရှင်က သိဖို့ မပြောနဲ့ အာရုံတောင်မလာဘူး "
"အင်း Ji မှာ စိတ်ညစ်စရာ တွေရှိနေတယ် ပြီးတော့ မင်း ကို တစ်ခုပဲ မှာချင်တယ် Ji လက်ကို တွဲဖို့ ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ ဖြုတ်ချပြီး ကျောမခိုင်းပါနဲ့ ကမ္ဘာပေါ်မှာ သူ အမုန်းဆုံးက ကျောခိုင်းသွားတဲ့ ကျောပြင်တွေမို့ "
"ဟုတ် Hyung ကျနော် ကတိပေးပါတယ် ကျနော် ဘယ်တော့မှ A Jiကို မထားခဲ့ပါဘူး ကမ္ဘာပေါ်မှာ A Jiက ပထမဆုံး လိုလိုချင်ချင်နဲ့ ချစ်ခဲ့မိတဲ့ ပထဆုံးသော သူမို့ သူရဲ့အပူတွေလည်း ကျနော် မျှဝေ ပြီး ခံစားကူမှာပါ "
YOU ARE READING
Your existence
Romansaကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...