Part 15

1.3K 94 7
                                    


Purple roseလေးကိုင်ကာ ပြုံးနေသော ကောင်လေးကို ငေးကြည့်‌ေနတဲ့ ယုန်ပေါက်လေးရဲ့ ကြားကို အလိုက်မသိစွာ တံခါးပင်မခေါက်ဘဲ ဝင်လာသော သူ ကြောင့် နှစ်‌ယောက်လုံးမှာ တအံတဩ။

A Jiအခန်းကို ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်း ထွက်လို့ရသည်မှာ Joen Jung kookဆိုသော သူ တစ်ယောက်ပင် မဟုတ်ပါလား။ ယခု ဝင်လာသော သူမှာ အလွန်ပင် ရဲတင်းလွန်းလှသောကြောင့် ကူး မှာ မျက်မှောင်ကြုံ့ကာ ထိုသူ့ကို လှမ်းကြည့်လိုက်လေတော့

မြင်လိုက်ရသည်မှာ အချေစိန် လူ့ဂွစွာ လူ့ကန်လန့် သောက် FA ဂူးဂူးဂါးဂါးပင်။ ဒီလူဟာ အက်လို ဇွတ်တရွတ် ငဂျစ်ပင်။ Companyတူတူ ဖွင့်ထားတာနဲ့ A Jiအခန်းက အလွယ်တကူ ဝင်ထွက်သွားလာလို့ ရသွားပီလား။

အခန်းတံခါး ခေါက်နေတာ တော်တော်ကြာသည်ထိ တုံပြန်သံ မကြားရတော့ စိတ်မရှည်တော့ကာ အခန်းထဲ ဝင်သွားမိတော့ မျက်လုံးချင်းစုံ ရင်ခုန်နေတဲ့ ဒီအတွဲကို မြင်လိုက်ရသည်။

လူတစ်ယောက်လုံး ရပ်နေတာတောင် မမြင်ရသည်ထိ အကြည်စိုက်နေသော အတွဲကြားကို ခပ်တည်တည်နဲ့ ဝင်သွားကာ ဟို ယုန်ပေါက်ဘက် လှည့်ထိုင် တော့ ကြည့်လာတဲ့ မျက်ဝန်းတွေက တခြားသူသာဆို ပြာကျနေလောက်ပီ။

ကျုပ်လို အချေစိန် အတွက်တော့ ဖြုံပင်မဖြုံပေ။ ဘာလဲ ဘာအတွက် အလွယ်တကူ ဝင်ထွက်နေတာလဲဟု မေးချင်နေသော မျက်ဝန်း များကို လျစ်လျူရှူ့ကာ Jiminဆီသို့ လှည့်ကြည့်တော့

သူ့ကို တလှည့် သူ့ပူပူနွေးနွေး ချစ်သူကို တလှည့် တအံတဩကြည့်နေသည်။ ဒီကောင်လေးဟာ ငယ်ငယ်နဲ့ Companyကို အောင်မြင်အောင် လုပ်ခဲ့သည်ကို သဘောကျကာ လုပ်ငန်း စပ်တူ လုပ်ရာကနေ အခုဆို companyအခွဲတောင် အတူတူ ဖွင့်ဖြစ်သည်ထိ လက်တွဲဖြစ်ခဲ့သည်။

တစ်ကောင်ကြွက် ဖြစ်သည့် Ga Ga ဟာ Jiminကိုတော့ မြင်မြင်ချင်း ညီလေး တစ်ယောက်လို ခင်ခဲ့ရသည်။ နောက်မှ အလုပ်တွဲလုပ်ရင်း မြင်ရသည့် ဒီကလေးရဲ့ ရည်မွန်တဲ့ ပုံစံ ယဉ်ကျေးတဲ့ အပြောအဆို တွေကြောင့် ညီလေး တစ်ယောက် ကောက်ရလိုက်သလို ချစ်ရပါသည်။

Your existenceWhere stories live. Discover now