ဒီနေ့ Hotelကို စောစော ပြန်လာကြကာ တရေး တမော အိပ်ကြသေးသည်။ ည ၈နာရီလောက်တွင် ထမင်း စားသောက်ပြီး ကြကာ Hotel မျက်နှာစာ ရှိ အပင် တွေ ကြားမှာ ထိုင်ရင်း မြစ်ဘက်ကမ်းကို လှည့်ကာ ဝိုင်းထိုင်ပြီး စကားပြောကြလေသည်။
လရောင် အောက်မှာ မြင်နေရသည့် လှိုင်းကြက်ခွတ် လေး တွေနဲ့အတူ အေးမြနဲ့ လေလေးက လွင့်ခနဲ့။ ထိုင်နေသည့် အပင်ရိပ် ကို ဖြတ်ကာ ကျလာသည့် လရောင် အောက်မှာ မြစ်ပြင် ကို ငေးနေရတဲ့ ခံစားချက်က ခပ်ဆွေးဆွေးပင်။
"လ က ကမ္ဘာမှာ တစ်ခုပဲ ရှိပေမဲ့ ရောက်နေတဲ့ နေရာ အချိန် ဒေသ အခြေနေ တွေက မတူတဲ့ အခါကျ တစ်မျိူး ခံစားရတယ်ဗျ "
"တစ်ခုခုကို လွမ်းတာ လိုလို ဆွေးတာလိုလို နဲ့ "
"ဟုတ်ပါ့ Jiminရာ ကျနော် လည်း အက်လို ပဲဗျ ကျနော် ညီကို တို့ အကုန်လုံးကို ကျေးဇူး တင်ပါတယ်ဗျာ "
"အဓိကကတော့ ညီကို တို့ရဲ့ ကျနော်တို့ ယဉ်ကျေးမှု သမိုင်းတွေကို နှစ်သက် စိတ်ဝင်စားတဲ့ စိတ်ကလေးတွေကိုပေါ့ဗျာ "
"ကျနော်တို့ရဲ့ မြန်မာ့ ဓလေ့ တွေ ကို ရင်းနှီးပြီး မြန်မာ့ စားစရာတွေ ကို ချစ်မြတ်နိုးကြတဲ့ ညီကို တို့ကို ကျနော် ကျေးဇူးတင်ပါတယ်ဗျ"
"ကျနော် ရန်ကုန်ကနေ လာတဲ့ ညထဲက ညီကို တို့ ရဲ့ စိတ်ဝင်စားမှူ ကို မျက်လုံးက တစ်ဆင့် မြင်ရတယ်ဗျ ကျနော် ပြောပြသမျှ ကို မျက်တောင် တောင်မခတ်ဘဲ နားထောင်ပြီး ကျနော့်တိုရဲ့ အစားအစာကို အားရပါးရ စားကြ တဲ့ ညီကို တို့ကို လမ်းပြ လုပ်ရတာ အရမ်း ဂုဏ်ယူ ရတယ်ဗျ "
"ကျနော်တို့ရဲ့ ယဉ်ကျေးမှု ဓလေ့ ဟန်ပန် ကို ပေါ့ပေါ့တန်တန်မဟုတ်ဘဲ လေးလေးနက်နက် စိတ်ဝင်တအား ရှိပေးလို့ တကယ့်ကို လှိုက်လှိုက် လှဲလှဲ ကျေးဇူး တင်ပါတယ်ဗျ "
"ကျနော်တို့ကလည်း ကိုကြည်သာ့ ကို ကျေးဇူးတင်ပါတယ်ဗျာ သိချင်တာတွေကို မငြူမစူဘဲ ဖြေပေးတဲ့တွက် ကျနော်တို့ ကို မမောမပန်းလိုက်ပို့ပေးတဲ့တွက် ကျနော်တို့ စားဖို့ စေတနာတွေနဲ့ ပြင်ဆင် ပေးတဲ့ တွက် တကယ့်ကို စိတ်ထဲက ကျေးဇူးတင်ပါတယ်ဗျာ "
YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...