Part 23

802 64 7
                                    

ပုဂံရောက်တော့ Ji တို့ အကုန်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတော့ ရထားလက်မှတ်စစ်က လာကာ နှိုးယူရသည်။ သတိထားပြီး အိပ်ကြပေမဲ့ ရထားရဲ့ မနှေး မမြန် ငြိမ့်ညောင်းတဲ့ လှုပ်တုတ်တုတ် ကြား မှာ ချော့သိပ်သလို ဖြစ်ကာ အကုန် အိပ်မော ကျနေတော့သည်။

ပုဂံ ဘူတာ မှာ ရှိန်းရဲ့ Companyက လူငယ် တစ်ယောက်က လာ စောင့် ကြိုနေကာ Ji တို့ကို တည်းမဲ့ Hotelကို လိုက်ပို့လေသည်။ Hotelရဲ့ မျက်နှာစာက ဧရာဝတီမြစ်ကမ်း ဘက်ကို ဦးတည်ကာ မျက်စိတစ်ဆုံး မြင်ရသည်က ရေပြင်ကြီးပင်။ ရေပြင် ပတ်ပတ်လည်တွင်အပင်များ ခြံရံကာ တော်တော် လှပလျက်ရှိသည်။

Hotel booking ကြိုလုပ်ထားသောကြောင့် Check in ဝင်ကာ အကုန်လုံးက ပြန် အိပ်ရန်သာ တာဆူကြသည်။ တစ်ညလုံးလည်း မအိပ်ခဲ့ကြသည်မို့ ဒီနေ့တော့ အိပ်ရေးဝဝအိပ်ပြီး နောက်နေ့မှ လည်ရန် သင်္ဂါက ပြောတော့ အကုန်လုံးက ညီညွတ်စွာ။ လိုက်ပို့ပေးတဲ့ ကောင်လေးက ပြန်သွားတော့ အကုန်လုံး အိပ်ဖို့ အခန်းထဲသာ ဝင်ပြေးကြတော့သည်။

ခရီးပန်းလာတာကြောင့် နေ့လည်ထဲက အိပ်ပျော်သွားသော Ji တို့မှာ နောက်နေ့ မနက် ၆နာရီလောက်မှာ အကုန်လုံးက ရွှင်လန်းစွာ နိုးလာခဲ့ကြသည်။ Hotelက ပြင်ဆင်ပေးသည့် ထမင်းဆီဆမ်းနှင့် ငါးခြောက်ဖုတ် ကို စားကာ ပုဂံကို စတင် လည်ပတ်ရန် ပြင်ဆင်ကြသည်။

ပုဂံဒေသက အညာဒေသမို့ ပူနိုင်သည်ကို သင်္ဂါ ကြိုပြောခဲ့သောကြောင့် Ji တို့ အကုန်လုံး က Suncreamဘာညာ အကုန်ထည့်ယူလာကြသည်။ Lagcage တွေ ထဲမှာ အဝတ်စားက အနည်းငယ် မျှသာ ထည့်ယူကာ ကျန်တာက အလှပရေးရာပစ္စည်း တွေက များနေသည်။

စားသောက်ပြီး အခန်းထဲပြန်ကာ Suncreamလိမ်း လက်ရှည်ဝတ်ကာ ပြင်ဆင်ပြီးနောက် သွားရန် စီစဉ်ကြသည်။ Ji တို့ တစ်ယောက်မှ E bike မစီး တတ်တာကြောင့် ပထမဆုံး နေ့မှာ ကားနဲ့ သွားရန် သာ လုပ်ခဲ့ကြသည်။ ရှိန်းက ရန်ကုန်ကနေ Ji တို့တွက် လိုလေသေးမရှိ စီစဉ်ပေးနေတော့ အားပင်နာလာရသည်။

ပထမဆုံး စသွားဖြစ်ခဲ့သည်က ပုဂံမြို့ဟောင်းမှာ ရှိသည့် တန်ခိုးကြီး ဘုရားများကိုပင်။ မြင်မြင်သမျှ အရာတွေက Ji တို့တွက် အထူးဆန်းပင်။ထို့အတူ Ji တို့ ကို မြင်သည့် လူတွေကလည်း သူတို့ အတွက် Ji တို့က ပိုထူးဆန်းသည်ဖြစ်မည်။ သမင်လှည်ပြန်တစ်မျိုး တည့်တည့်တစ်ဖုံ လိုက်ကာ ကြည့်နေကြသည်။

Your existenceWhere stories live. Discover now