ဒီနေ့တော့ အလုပ်သွားရန် တက်ကြွနေသော ကူးကူးမှာ 8ခွဲပဲရှိသေးတာကို အကုန်ပြင်ဆင်ပြီးနေလေပြီ။ အလုပ်သွားရန် မစောင့်နိူင်တော့ဘူးဟု အော်နေသော မောင့်ကို ကြည့်ကာ တမင် အချိန်ဆွဲပြီး မနက်စာ စားနေသော ကိုကိုJi။
မရိုမသေကောင်ကို ဒီနည်းနဲ့ပဲ အနိုင်ယူလို့ရမှာ။ အကြီးကို မရိုမသေလုပ်တဲ့ကောင် အက်မှာ သွားချင်နေလည်း Ji ပြီးမှ သွားရမှာ။ ပြုံးစိစိနဲ့ စားနေသော မနက်စာလေးမှာ အရသာတအားရှိလှပါသည်။
*ဟဲဟဲ မှတ်ပြီလား ကူးစုတ် *
တမင်ညစ်ကာ မနက်စာကို ဇိမ်နဲ့စားနေသော A Jiကြောင့် 9နာရီခွဲကျော်မှ သွားဖြစ်တော့သည်။ ဒီနေ့ ကူး စောစော သွားချင်မှန်း သိရက်နဲ့ တမင် လုပ်နေသည့် အဆိုးလေးကို စိတ်ကောက်ချင်ယောင်ဆောင်လိုက်တော့သည်။
ကားပေါ် ရောက်ထဲက ရုပ်တည်ကာ စကားတစ်ခွန်းမှ မပြောသော မောင့်ကြောင့် စလိုက်တာ လွန်သွားပြီလား ဟု တွေးကာ ငိုချင်လာသည်။ သူ့အလှည့်ကျ အသေလိုက်စပြီး Ji ပြန်စမှ စိတ်ဆိုးနေသော မောင်က တော်တော် မတရားတဲ့ကောင်ပဲ။
တွေးနေရင်း စိတ်လည်းတို ဝမ်းလည်းနည်းကာ မျက်ရည်တို့က မခေါ်ဘဲ ရောက်လာပြန်ပီ။ သူတို့ကတစ်မျိုး။
စချင်စိတ်ကြောင့် ရုပ်တည်ထားပေမဲ့ ဘေးကနေ ခဏခဏ ကြည့်နေသည့် A Jiကို မျက်လုံးထောင့်က မြင်ဖြစ်အောင် မြင်လိုက်ပေမဲ့ တမင် မခေါ်တော့ အလှလေးက ဟိုဘက်ကို လှည့်သွားကာ ပြန်လှည့်မလာတော့။
ခဏကြာတော့ တအိအိ ရှိုက်သံထွက်လာတော့ ကားကို လမ်းဘေးချကာ ရပ်လိုက်ရသည်။ သွားပီ စချင်လို့ မခေါ်တာကို တလွဲတွေးပြီး ငိုနေလေသော ကိုကို။ ချော့စမ်း ။
"ကိုကိုရေ ဘာလို့ ငိုနေတာလဲကွာ မောင်က စနေတာလေ "
"ဘယ်သူက ငိုနေလို့လဲ သူ့ဘာသာ ရောက်လာတာ အက်မျက်ရည်တွေက အီးးး ဟီးး "
စားရတဲ့ကလေး ပိုငတ် သလိုပဲ အချော့ခံလိုက်ရသည့် ကလေးတစ်ပိုင်း လူကြီးတစ်ပိုင်းက ပိုပြီးသာ ရှိုက်ငိုတော့သည်။
"ဟုတ်ပါ့ကွာ ဒီမျက်ရည်တွေကလည်း ဘာလို့ ကျနေတာလဲ အခုကျ မောင့်ကလေးလေးက ဝမ်းနည်းသွားပီ "
YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...