Part 5

2.3K 165 2
                                    

Mouse ကို တစ်ချက်ရွှေ့ရင်း တွေ့လိုက်ရသော နာမည်ကြောင့် လက်ဖျားတွေပင် အေးစက်လာသလို ခံစားရလိုက်သည်။တဒိန်းဒိန်းခုန်နေသော ရင်ခုန်သံက ဘေးမှာ လူရှိရင်တောင် ကြားရလောက်သည်ထိ ကျယ်လောင်နေသယောင်။

သူက သူက
' Joen Nam Joonရဲ့သားလား မဟုတ်လောက်ပါဘူး ငါသိတဲ့  Joonမှာ သားမှ မရှိတာ မဖြစ်နိုင်ပါဘူး'

Airconဖွင့်ထားတဲ့အခန်းမှာ ပူလောင်နေတဲ့ Jiminတစ်ယောက် အပြင်မှာ အလင်းရောင် အနည်းငယ် ထွက်လာသည်ကိုတောင် သတိမပြုမိလောက်အောင် ဖြစ်နေတော့သည်။ screenမှာ ပေါ်နေသည့် Cvထဲက နာမည်ရယ် ပုံရယ် ကို တလှည့်စီကြည့်နေမိတာ အချိန်ကုန်သွားသည်ကိုတောင် သတိမပြုမိတော့။

"ဒေါက် ဒေါက် " ရုတ်တရက် ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့် လန့်သွားကာ စားပွဲပေါ်ရှိ fileများကို ပင် တိုက်မိ သည်ထိ။

အာ အပြင်မှာ နေတောင်ထွက်နေပီပဲ  တစ်ညလုံးလည်း မအိပ်ရသေးပါလား ဟူးး သက်ပြင်းချလိုက်ရင်း တံခါးသွားဖွင့်တော့ တံခါးဝမှာ ရပ်နေတဲ့ မိသားစုဆရာဝန် Yoon Min  နဲ့ ကြီးမေ

" Hyung အစောကြီးပါလားဗျ "
"ဟုတ်တယ် ji  အစောလာခဲ့တာ ji နဲ့တွေ့ချင်လို့ ဒီထက်နောက်ကျရင် ji ပြန်သွားတော့မှာလေ ဖုန်းထဲကလည်း မပြောချင်လို့ "
"ဟုတ် ပြောလေ Hyung အထဲ ဝင်ခဲ့ပါဗျ "
"သားငယ် မနက်စာ စားပြီးမှ ပြန်နော် ကြီးမေ သွားပြင်လိုက်မယ်နော် သား "
"ဟုတ်ကဲ့ဗျ"

ကြီးမေ ပြန်ထွက်သွားတော့
"Ji ji ရ ပိန်သွားတယ်နော် ထမင်းရော ပုံမှန်စား ပုံမှန် အိပ်ရဲ့လား "
"ကျနော် ဒီတိုင်း အဆင်ပြေနေပါသေးတယ်ဗျာ စိတ်မပူပါနဲ့ဗျ  ပြောစရာရှိတာ ပြောပါ ခင်ဗျာ "
"အင်း Jiji ဘာလို့ Soek အကြောင်း မမေးတာလဲ "

မေးလိုက်သည့် မေးခွန်းကြောင့် ပျက်ကျ သွားသည့် မျက်နှာလေးကိုကြည့်ရင်း သနားရပြန်ပါပီ ရှေ့တွင်ထိုင်နေသော ချစ်စရာလေးသည် အတိတ်ကြောင့် အခုချိန်ထိ ထိတ်လန့် နေသည်ကို သိသော်ငြား ‌အသိပေးမှ ရမည့် ကိစ္စတွေကြောင့် ‌မမေးမဖြစ် မေးလိုက်ရသည်ကို သိစေချင်ပါသည်။

"ဘာလို့လဲဗျ ကျနော် မမေးလဲ ဒီတိုင်း အဆင်ပြေနေတာပဲခင်ဗျာ ကျနော့်ကိုတောင် မစဉ်းစားပဲ နေခဲ့တဲ့ သူကို ဘာတွက် မေးရမလဲ ဗျ ကျနော့်ကို ဖြစ်နိုင်ရင် သူနဲ့ ပတ်သက်တာ ဘာမှ မပြောပါနဲ့လား ခင်ဗျာ "

Your existenceWhere stories live. Discover now