Part 11

1.5K 113 14
                                    

ဂူးဂူးဂါးဂါးရဲ့ မပြီးနိုင်မစီးနိုင် အရစ်ရှည်မှုတွေရဲ့ အဆုံးမှာတော့ ဆိုးလ်ကို ပြန်ရောက်လာခဲ့ရသည်။ ဒါတောင် ဒီမှာ ညအိပ်ပြီးမှ ပြန်မယ် လုပ်နေသောကြောင့်

"ကျနော် မစောင့်နိုင်တော့ဘူး ခင်ဗျား ဘာသာနေချင်နေခဲ့"ဟု ထပြောတော့မှ ပြန်ကြမယ်လေဟု ချက်ချင်း ကားပေါ်ရောက်လာသည်။

အားကိုးရမှုတွေကလည်း ပြောမနေပါနဲ့တော့ ကားပေါ်ရောက်ထဲက အိပ်လိုက်တာ အိမ်ရောက်တာတောင် မနည်း နှိုးယူရသည်။ ဘယ်ဘဝက ကာလနဂါး ဝင်စားခဲ့ပါသလဲ သောက်FA။

ဆိုးလ်ကို ပြန်ရောက်တာ ညအချိန်မတော်မို့ A Jiဆီ သွားချင်စိတ်ကို မနည်းထိန်းကာ အိမ်ကိုပဲ ပြန်ချလာလိုက်ရသည်။ အိမ်ရောက်တော့ ရေချိုးကာ အိပ်ယာထဲ ဝင်လှဲခဲ့လိုက်တော့သည်။ ပင်ပန်းလိုက်တာ။ ဒီတစ်ညတော့ မင်း နဲ့ အနီးဆုံးမှာမို့ မောင် မင်းကို မတွေးဘဲ အိပ်တော့မယ် A Ji။ မြတ်နိုးရပါသော မောင့်သဲငယ်ရေ အိမ်မက်ထဲမှာ ဆုံကြမယ်။

ဒီနေ့က Super Sundayမို့ အလုပ်သွားစရာမလိုတော့ စိတ်ချလက်ချ အိပ်ချပစ်လိုက်မိသည်။ ပင်ပန်းနေသည့် အရှိန်လည်း ပါမည်ထင်ပါရဲ့ ကူး နိုးလာတော့ ညနေ 3နာရီ။ အိပ်ချင်မူးတူးနဲ့ ဖုန်းကို ကောက်ကိုင်တော့ Screenပေါ်မှာ မြင်ရသည့် Mes က

"ကူးရေ မင်းပြန်ရောက်နေပီလား ပင်ပန်းနေမှာပေါ့ အိပ်ရေးဝဝအိပ်နော် မင်းနိုးရင် Tae ဆိုင်ကို လာခဲ့ ငါ ဒီနေ့ အိမ်မှာပျင်းလို့ ဆိုင်မှာ လိုက်ရှူပ်တယ် " ဟူသော စာလေးက ကူးရဲ့ ပျော်ရွှင်ရာလေးပင်။

ရေချိုးကာ မွှေးကြိုင်နေအောင်ပြင်ပြီး A Jiဆီသွားဖို့ အခန်းထဲက အထွက် ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ မျက်နှာမဲမဲကြီးကြောင့် လူက ရုတ်တရက် လန့်သွားကာ

"အားးးး ဘာကြီးလဲ ဘယ်သူကြီးလဲ ဘာလို့ ငါ့အိမ်ထဲရောက်နေတာလဲ သူခိုးလား "

အပြင်တွေ သွားရပါများလို့ မျက်နှာတွေနေလောင်နေသည်ကို ဂရုမစိုက်တာကြာတော့ မျက်နှာကမဲလာရသည်။ Super Sundayမှာ ဘယ်မှသွားစရာမရှိသောကြောင့် ရှိလည်း မသွားတော့ဘူး။

Your existenceWhere stories live. Discover now