နောက်တစ်ပတ် ခရီးသွားရန် လိုအပ်တာတွေ သွားဝယ်ဖို့ ကူးရော Ji ရော နှစ်ယောက်စလုံးက မအားသည်မို့ Tae နဲ့ Bibi ကို သာ အကူညီတောင်းရတော့သည်။
ခရီးသွားမှာ BiBi ပါသည်ဟု သိရတော့ ချက်ချင်း ဖုန်းဆက်ကာ ရန်တွေ့တဲ့ သူငယ်ချင်းလေးကြောင့် ဒီဘက်မှာ ကြိတ်ခါ ခွီရသေးသည်။ အခုလည်း အတူတူ မသွားချင်လို့ အကြောင်း ပြချက်များစွာ ပေးကာ ရှောင်ဖယ်နေသော်လည်း ဘယ်နှရာစု ထဲက သွားချင်နေမှန်း မသိသည့် Bibiက ဖုန်းပြောနေစဉ်မှာပဲ ဆိုင်သို့ ရောက်ချလာသောကြောင့် မဖြစ်မနေ လိုက်သွားရတော့သည်။
ရည်းစားစကား ပြောထားပေမဲ့ လုံးဝ ဘူး ခံနေသည့် ယောင်းငယ် ကြောင့် အနည်းငယ်တော့ စိတ်မကောင်းဖြစ်ရပေမဲ့ ကူးကူး ပေးတဲ့ အကြံကြောင့် ကြိုက် ကြိုက် မကြိုက်ကြိုက် အတင်းပင် ဖုန်းတွေဆက်ကာ ချစ်ကြောင်း ပြောရသည်။ ဖုန်း မကိုင်လျှင် Mes တွေ ပို့ကာ ပြောသောကြောင့် ခုရက် ယောင်းငယ်ဘက်က မကြည်ဖြူသည့်တိုင် လက်ခံစကားပြောလာခဲ့သည်။
ဒါဟာ အဆိုးထဲက အကောင်းပင် မဟုတ်ပါလား။ အရင်လို BiBiကို တွေ့ရင် မကြည်ဖြူတဲ့ စိတ်ရှူပ်တဲ့ အရိပ်ယောင်တော့ မပြတော့ပေမဲ့ လူကို မြင်ရင် မျက်နှာက တော့ တည်နေတုန်းပင်။
ကိုယ့်ကို ချစ်ကြောင်း ပြောထားသည့်သူနဲ့ တစ်ကားထဲ အတူစီးရတာ နည်းနည်းတော့ မျက်နှာပူစရာကောင်းသည်မဟုတ်လား ။ ဒီခြံပိုင်ရှင် ဘက်က ချစ်တယ်ဟု ဖွင့်ပြော ပြီးထဲက Tae သူ့ကို ရှောင်နေခဲ့တာ ။ ကြားထဲမှာ ကြိုကြား ဖုန်းခေါ်တာတွေ ရှိပေမဲ့ ကိုင်မိရင် ပြန်ချစ်ပေးဖို့ပဲ ပြောသည့် ခြံပိုင်ရှင်ကြောင့် ဖုန်းပင် မကိုင်ရဲလောက်သည်ထိ။
မကြိုက်ပါဘူး ပြောလည်း အတင်း တွယ်ကပ်ကာ ချစ်ကြောင်း ပြောနေသည့် ခြံပိုင်ရှင်ကို သနားလည်း သနားပေမဲ့ မျက်နှာသာက ပေးမရ။ အခုလည်း JiJi တို့ လိုအပ်တာ သွားဝယ်ရန် ကူညီတောင်းကာမှ သိရတာက ခရီးသွားရာတွင် ဒီလူပါ ပါမည်ဟုပင်။
စိတ်တိုကာ မလိုက်တော့ဘူးဟု Ji ကို ပြောတော့ ရီချင်နေသည့် အသံနဲ့ Ji က မင်း မလိုက်ရင် ငါစိတ်မကောင်း ဖြစ်နေမှာဟု ပြန်ပြောလာသည်။

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...