🌚ဖတ်ပေးကြပါဟယ်🌚

1K 46 2
                                    

ကျနော်ရဲ့ fic ကို အစကနေ Ongoingလိုက်ပေးနေကြတဲ့ သူတွေရော Reading listထည့်ပေးတဲ့ သူတွေရော ဖတ်ပေးကြတဲ့ သူတွေရော vote ပေးကြသူတွေရော SLတွေရော အကုန်လုံးကို တကယ် ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ကျနော်က ဝါရင့်နေတဲ့ စာရေးသူလည်း မဟုတ်မှန်း ကိုယ့်ကိုကိုယ် သိပါတယ်ဗျ ဝါသနာ ပါလို့ စာရေး‌နေတဲ့  သူ တစ်ယောက်ပါ ဒီ Fic ကို အစက ဒီလောက် အများကြီး ဖတ်မယ်လည်း မထင်ခဲ့ဝာာ အမှန်ပါ။ ကျနော့် စာကို ပြန်ဖတ်တိုင်း ကိုယ့်ကိုကိုယ် မကောင်းဘူး ဆိုပြီး အားမလို အားမရ ဖြစ်ခဲ့ပါတယ်ဗျ အခုလည်း အရင်ကထက် အများကြီး ကောင်းလာဖို့ ကြိုးစားနေတာပါဗျ တကယ်ပြောချင်တာက အခုမှ စတာပါ ကျနော် အခု 21 ကနေ စပြီး မြန်မာ အကြောင်း ထည့်ရေးထားပါတယ်ဗျ ကျနော် မြတ်နိုးရတဲ့ လူသားတွေကို မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ဟန်ပန် မြန်မာ့သမိုင်း အကုန်လုံးနဲ့ ထိတွေ့စေချင်တဲ့ စိတ်ကြောင့် အတတ်နိုင်ဆုံး ကြိုးစားပြီး ပုံဖော်ထားပါတယ်ဗျ ကျနော်တို့က fic ရေးတာမို့ မဖြစ်နိုင်တာကို အဖြစ်လုပ်ပြီး ရေးတဲ့အခါမျိုးတွေရှိတယ်ဗျ Fic ကို fic လိုပဲ မြင်စေချင်ပါတယ်ဗျ ပြီးတော့ ပုဂံနဲ့ ပတ်သက်ပြီး ကျနော် အများကြီး လေ့လာပြီး သေချာ အချိန်ယူပြီး ရေးထားတာပါ။ ကျနော် Fb ပေါ်က စာတွေ ပုဂံနဲ့ပတ်သက်နဲ့စာအုပ်တွေ ဖတ်ပြီး ရေးထားတာမို့ တစ်ချို့နေရာတွေမှာ တူကောင်းတူနိုင်ပါလိမ့်မယ် ကြိုပြောထားပါရစေ။ ဒီ fic ဟာ ဖတ်လို့ မကောင်းသည်ဖြစ်စေ ကျနော့်အရေးသားက စုတ်ချာနေသည်ဖြစ်စေ ကျနော်ကိုးကားလိုက်တဲ့ စာက အဆင်မပြေခဲ့တာ ဖြစ်စေ အကုန်လုံးက ကျနော်နဲ့ပဲ သက်ဆိုင်တာမို့ ကျနော့်ကိုပဲ အပြစ်မြင်ပါ ။ ကျနော်မြတ်နိုးရတဲ့ ‌အမျိုးသားတွေဟာ ချစ်တဲ့စိတ်နဲ့ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေပါ ထပ်ပြောပါမယ် fic က fic ပါဗျ ပုဂံနဲ့ ပတ်သက်ပြီး အမှားတစ်စုံတစ်ရာပါခဲ့ရင်လည်း ဒါဟာ ချစ်တဲ့ စိတ်နဲ့ အကောင်းဆုံးတွေ ပေးချင်တဲ့ စိတ်ကြောင့် မှားခဲ့တဲ့ အမှားပါလို့ ကျနော် ကြိုပြီး ပြောပါရစေ  အဓိကက ပုဂံနဲ့ ပတ်သက်ပြီး အမှားတစ်စုံတစ်ရာ ရှိလာနိုင်သည်မို့ ကြိုပြီး စကားပလ္လင်ခံတဲ့စာပါ။ အရှေ့ ‌အနောက် တောင် မြောက် အရပ်လေးမျက်နှာနှင့်တကွ အရပ်ရပ်မှာ ရှိကြသော ဆရာ့ဆရာကြီးများ ဆရာ့ဆရာမကြီးများကို လက်အုပ်ချီ မိုး ရှစ်ခိုး ကန်တော့လိုက်ပါတယ် မှားတာရှိ ဝန္တာမိပါဗျာ ။

Your existenceWhere stories live. Discover now