"ကူးရ တစ်ပတ်တစ်ခါ ပြန်လာနော် ငါ့ကိုလည်း မေ့မသွားနဲ့ဦး ငါ့ကော်ဖီ စေ့ တွေကိုလည်း မင်းအလုပ်မှာ စပ်ပြီးရောင်းပေးဦးနော် နော် ""သတိရလို့ မှာတာ နည်းနည်း မင်းစီးပွားရေးက များများ ခွေးကောင် မေမေတောင် မင်းလောက် နားမပူဘူး "
"စေတနာကို စော်ကားပြန်ပီ ဂျပိုးကောင်က ဟိုရောက်ရင် ဖုန်းဆက်နော် ငါ သွားတော့မယ် "
"အေးအေး ဂရုစိုက်ပြန် "
BiBi ပြန်သွားတာကြည့်ရင်း ကားပေါ်တက်ကာ ထိုင်နေလိုက်သည်။ သိပ်မကြာခင်အချိန်တွင်းမှာ ကားစထွက်ပါတော့သည်။ တရိပ်ရိပ် ပြေးနေတဲ့ ကားနဲ့အတူ ကူး မျက်ခွံများသည်လည်း လေးလံလာရသည်။
~~~~~~~~~~~~~~~~
ညတုန်းက တော်တော်နဲ့အိပ်မပျော် တော့ မနက်ကျ နောက်ကျမှ နိူးလာရသည်။ Jiji နိုးတော့ ၉နာရီပင်ထိုးတော့မည်။ အလူးအလဲထ ရေချိုး ပြီး အောက်ဆင်းလာတော့ ပူပူနွေးနွေး ထမင်းကြော်နဲ့ ကော်ဖီတစ်ခွက်က အဆင်သင့်။ ထမင်းကြော်ကို တစ်ဇွန်းခပ်စားရင်း ကော်ဖီခွက်ဘေးက Note stickကို ဖတ်ကြည့်တော့
"Ji ရ မင်း ညက တော်တော်နဲ့ မအိပ်လို့ ငါ မနိုးဘဲ ထားခဲ့လိုက်တာ ဗိုက်ဝအောင် စားသွား နေ့လည်ကျလည်း မစားဘဲမနေနဲ့ ဂရုစိုက်သွား ညကျ တူတူပြန်မယ် လာခေါ် "
ချစ်စရာ လက်ရေး လေးကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ခပ်သွက်သွက်စားကာ ပန်ကန်ဆေးခဲ့ပြီး ရုံးသွားဖို့ ကားပေါ် တက်ကာ မောင်းထွက်ခဲ့ရသည်။ companyတစ်ခုရဲ့ CEO က နောက်ကျ နေလျှင် လက်အောက်က လူတွေက လေးစားပါတော့မလား Ji ရေ ။ မှတ်မှတ်ရရ ဒါ ဘဝမှာ ပထမဆုံး နောက်ကျ ဖူးတာပင်။
Companyရောက်တော့ Min constructionရဲ့ CEO Min Sugaက ရုံးခန်းထဲမှာ စောင့်နေကြောင်း ပြောတော့ ပြေးရပြန်ပါသည်။
" Sorry Min CEO shii ကျနော် အိပ်ရာထနောက်ကျ သွားလို့ဗျ "
"ဟာ မဟုတ်တာ ကျနော်က ကြိုရောက်နေတာပါ Jimin shi "
"ကျနော်တို့ အလုပ်ကိစ္စပြောကြမလားဗျ CEO "
"Jiminအဆင်ပြေရင် စလို့ရပါပီ "

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...