Final

3.2K 123 26
                                    

ပုဂံက ပြန်ရောက်ပြီးထဲက ယောင်းနဲ့ မတွေ့ဖြစ်ခဲ့တာ အခုဆို လေးရက်လောက်ရှိပီ ။ လွမ်းတော့ လွမ်းပေမဲ့ ခဏတိုင်း ယောင်း စိတ်အနှောက်ဖြစ်အောင် မလုပ်ချင်တာမို့ လွမ်းစိတ်ကို မျိုသိပ်ပြီး နေနေရသည်။

"ဒီး ဒီးး "

Contactမှာ ပေါ်နေသည့် နာမည်က ယောင်းငယ်လေး

"ဟယ်လို ယောင်း "

"အင်း Hobi အားလား "

"အားတယ် ယောင်း "

"အားရင် ကျနော်နဲ့ စကားပြောရအောင် "

"ဘယ်ကို လာခဲ့ရမလဲ ယောင်း "

"ဆိုင်ကိုပဲ လာခဲ့ "

ကားလေး ဆိုင်ရှေ့မှာ ထိုးရပ်လာတော့ Tae ရဲ့ ရင်တွေက အခုန်မြန်လာသလို ကားပေါ်က ခြံပိုင်ရှင်မှာလည်း အယောင်ယောင် အမှားမှားနဲ့ပင်။ ယောင်းငယ်ဘက်က စပြီး ချိန်းလာတာ ပထမဆုံး အကြိမ်မို့ ပျော်လည်းပျော်သလို ရင်ထဲမှာလည်း လေးလံနေသည်။

"ရောက်လာပြီလား Hobi shii ထိုင်ပါဦး "

ထောင့်ကျကျ ဝိုင်းမှာ ထိုင်ကာ ကော်ဖီ ခွက်တွေ သယ်လာသည့် ယောင်းငယ်ကို ငေးကြည့်နေမိသည်။ ဒီနေ့ ယောင်းငယ်ကို ကြည့်ရတာ ညှိုးငယ် နေသယောင်။ မျက်ဝန်းတွေက ညို့မှိုင်းနေကာ နဖူးစပ်မှာ ချွေးတို့က ခပ်စစ။

BiBi ရှေ့မှာ ကော်ဖီခွက်ချပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တဲ့ ယောင်းငယ်က အကြည့်ချင်းဆုံတော့ ပြုံးပြလာသည်။ ခါတိုင်းလို ကြည်ကြည်လင်လင် မဟုတ်သည့် အပြုံးတို့က လျော့ရဲရဲ။

"ဘယ်က စပြောရမယ်မှန်း မသိတော့ ဘူး Hobi shii "

"JK နဲ့ Ji အကြောင်း သိပြီးပြီလား "

"ဟင့်အင် ရန်ဖြစ်ကြလို့လား သူတို့နှစ်ယောက် "

"ရန်မဖြစ်ဘဲ ဝေးသွားကြတော့မယ်လေ "

"ဟင် ဘယ်လိုဖြစ်တာလဲ "

"Ji က JK ဖေဖေ့အမျိုးသား ရဲ့ ညီလေ "

"ဟင် တကယ်ကြီးလား ယောင်းငယ် "

"အင်း တကယ် အခု JK က Ji ကို ထားခဲ့ဖို့ သေချာ သလောက်ရှိနေပီ "

Your existenceWhere stories live. Discover now