ပြောနေရင်း ရုတ်တရက် ဆွဲယူ ခံလိုက်ရတာကြောင့် လန့်သွားကာ လှည့်ကြည့်မိတော့ မျက်ရည် အဝဲသားနဲ့ သားကြီး
"ကြီးမေ သား ဆေးရုံသွားစောင့်တာ သိရင် ငယ်လေးက သားကို ပိုမုန်းသွားလိမ့်မယ် "
"မမုန်းပါဘူး သားရယ် အခုလို လူကြီး စကားပြောနေတာကို ဖြတ်ခနဲ ဆွဲယူတာ ရိုင်းတဲ့အပြုမူနော် သား ကြီးမေ သားတို့ကို ရိုင်းစိုင်းအောင် သင်ပေးခဲ့မိတာလား သားကြီး"
"တောင်းပန်ပါတယ် ကြီးမေ သား ရိုင်းဖို့ မရည်ရွယ်ခဲ့ပါဘူး သားက ငယ်လေး စိတ်ဆိုးမှာ ကြောက်တဲ့ စိတ်နဲ့ လုပ်မိတာပါ "
" ခက်လိုက်တာနော် တစ်ယောက်ကလည်း အပြစ်ကို ဝန်ခံရင်း ခွင့်လွှတ်မှု လိုချင်တယ် တစ်ယောက်ကလည်း ချစ်နေရက်နဲ့ အတိတ်ကိုပဲ နာနာကြည်းကြည်း စွဲကိုင်ပြီး အတွေ့မခံဘူး "
"ဒီနှစ်ယောက်နဲ့လေ တအား ခေါင်းခြောက်ရပါလား သားကြီးရယ် ငယ်လေး စိတ်ဆိုးမှာ ကြောက်လို့ ဆိုရင် ဒီတစ်သက် ဘယ်ချိန် သွားပြီး တောင်းပန်မှာလဲ ဘယ်လို မျက်နှာချင်းဆိုင်ကြမယ်လို့ တွေးထားလဲ "
"သား ငယ်လေး ဘက်က လိုလိုချင်ချင် နဲ့ တွေ့မယ် ပြောတဲ့ ရက်ကို စောင့်နေတာ သားကြောင့် ထပ်ပြီး စိတ်မညစ်စေချင်တော့လို့ပါ "
"သားကြီး မင်းညီက ဟိုးအရင်က Jiminမဟုတ်ဘူးနော် သားငယ်ဘက်က ကြည်ဖြူတာသာ စောင့်နေရင် နောက်ဘဝတောင် မင်းလိုချင်တဲ့ ဘဝမျိုး မရဘူး မပြောပြဘဲ သိလာဖို့ မတွေးနဲ့သား သားညီက သိချင်ချင် မသိချင်ချင် ပြောပြရမှာပဲ "
"သား သားလည်း ဘယ်လို လုပ်ရမလဲ မသိဘူး ကြီးမေ သားပြန်လာမိတာ မှားနေပြီလားလို့ တောင် တွေးမိတယ် သား သာ ပြန်မလာရင် ငယ်လေးလည်း ခုချိန် အသားကျ နေမှာ သား အမှားတွေ ထပ်လုပ်မိပြန်ပီလားမသိဘူးနော် "
ထိုင်ခုံမှာ လေးလံစွာ ထိုင်ချလိုက်ကာ မျက်နှာကို လက်ဝါးဖြင့် ပွတ်ကာ ပွတ်ကာ ပြောနေသော သားကြီးကို ကြည့်ကာ ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုတာ ကြီးမေလည်း မတွေးတတ်တော့။
"အပြစ်မတင်နဲ့တော့ သား အပြစ်တင်နေရင်း တင်နေရင်းကနေ ဒီအပြစ်ပေါ်မှာပဲ စိတ်က လေးလံပြီး သားကိုယ်သား သိမ်ငယ် စိတ်တွေ ဝင်လာ နေမှာပေါ့ "

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...