ညက စိတ်ဆိုးနေတာရယ် စိတ်မကောင်းဖြစ်တာရယ်ပေါင်းပြီး အိပ်မရတာနဲ့ ဆိုင် ကို အစောကြီး ထွက်ခဲ့တဲ့ Tae မှာ ဆိုင်ရောက်တော့လည်း နေမရ ထိုင်မရနဲ့ပင်။ မြည်မလာသော ဖုန်းလေးကို ကြည့်ရင်း အရင်ဆို ငါစိတ်ကောက်ရင် တစ်နာရီတောင် စိတ်ဆိုးမခံတဲ့ မင်းက အခုကျ နေနိုင်သွားပြီလား Ji ရာ ဟု ဝမ်းနည်းစိတ်နဲ့ သက်ပြင်း အခါခါ ချနေရသည်။
ညနေ ထိ Ji ဘက်က ဖုန်းမခေါ်တော့ မနေနိုင်သည့် Tae ကပင် မာနကို ခဏ အိပ်ထဲ ခေါက်သိမ်းကာ ချော့ဖို့ ဆုံးဖြတ်လိုက်ရသည်။
တူ တူ ဝင်နေသော ဖုန်းလေးမှာ ဖြေမည့်သူမဲ့နေလေသည်။ ဖုန်း၏ပိုင်ရှင်လေးဘယ်များရောက်နေပါသလဲ။
ဖုန်းမကိုင်တော့ စိတ်ပူလာကာ အတွင်းရေးမှူးဆီ ဖုန်းခေါ်တော့ အကိုလေး ဒီနေ့ အလုပ်မလာပါဘူးရှင် ဆိုသည်ကလွဲ။ ဒါဆို မင်း ဘယ်မှာလဲ Ji ။
အိမ်ကို အပြေးအလွှား ပြန်ရောက်လာသော Tae မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် အသက်ရှူဖို့ပင် မေ့သွားသည်ထိ။ မနေ့ညက စိတ်ဆိုးဆိုးနဲ့ ပြောသွားသည့် စကားများကို တစ်ခွန်းမှ ပြန် မချေပဘဲ ကြိတ်ငိုနေသည့် တန်ဖိုးထားရပါသော အသက်ကလေးက အခု အိပ်ရာဘေးမှာ လဲကျပြီး သတိလစ်နေခဲ့ပါလား။ သောက်ရန်ထားခဲ့သော ဆေး နဲ့ ရေ က လက်ရာပင်မယွင်း အနေထားမပျက် ရှိနေခဲ့သည်။
အနားသွားကာ ရင်ခွင်ထဲထည့်ပွေ့လိုက်တော့ အနှီကောင်လေးသည် အေးစက်တောင့်တင်းကာ မျက်နှာသည် သွေးရောင်ပင်မရှိတော့။ ဘယ်လို စိတ်နဲ့ မောင်းလာပြီး ဆေးရုံရောက်ခဲ့သည်ကို မသိခဲ့တော့။
"လူနာက သတိလစ်နေတာ 10နာရီကျော်နေပီ အဖျားလည်း အရမ်းကြီးနေတယ်။ နှလုံးခုန်နှုန်းလည်း အရမ်းနှေးနေတယ်။ ဘာလို့ ဒီလောက်ပေါ့ဆ ကြတာလည်း ဒီထက် နောက်ကျရင် အသက်အန္တရယ်ဆုံးရှူံးနိုင်တယ်"
ဆရာဝန်ရဲ့ စကားသံအား ကြားတစ်ချက် မကြားတစ်ချက်နဲ့ပင်။
"ငါမှားတာ Ji အကုန် ငါ့အမှားတွေ တောင်းပန်ပါတယ် Ji ငါ့မင်းကို လောဘတက်မိလို့ ငါ့အချစ်တွေ မြင်စေချင်ခဲ့မိလို့ ငါ့အပြစ်တွေပါ"

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...