ပုဂံသွားရန် စီစဉ်ကျတော့ သင်္ဂါက ရထားနဲ့သွားရန် အကြံပေးသည်။ ရထားအကြာကြီး စီးရမည်ဖြစ်သောကြောင့် Hyungနဲ့ Tae က ကားနဲ့သွားရန်သာ ကလန့်တိုက်တော့သည်။ နောက်ဆုံး ကားနဲ့ ရထား မဲခွဲရာ 4မဲ 2မဲနဲ့ ရထားနဲ့သွားရန် ဖြစ်ခဲ့သည်။
နှစ်ရက်ကြာရင် သွားရန် စီစဉ်ခဲ့သော်လည်း ရထားလက်မှတ်ကြောင့် တစ်ရက် ထပ်နောက်ကျခဲ့သည်။ ရထားက ညနေ 4နာရီ စထွက်သည် ဖြစ်ရာ Ji တို့ အိမ်ကနေ ထွက်တော့ မြန်မာစံတော်ချိန် 2နာရီခွဲပင်ရှိလေပီ။ ရန်ကုန်မြို့ရဲ့ ကားပိတ်ချက်ကြောင့် အိမ်က ကြိုထွက်တာတောင် ရထားဘူတာကို 3နာရီ 15မှ ရောက်သည်။
ရထားစီးရမည့် စင်္ကြန်ကို ရှာတော့ ဘူတာတွင်း ရှိ လူဝောာ်တော် များ၏ အကြည့်တွေက Ji တို့ ဆီမှာပင်။ အကုန်လုံး လှမ်းကြည့်နေတော့ Ji တို့ မှာ ခြေလှမ်း တောင် မှားတော့မတတ်။ သင်္ဂါ့ကို လှမ်းပြီး ကြည့်တော့ သင်္ဂါက နိုင်ငံခြားသားမို့ စပ်စု ချင်လို့ ကြည့်တာဟု ပြောလာမှ သက်ပြင်း ချနိုင်တော့သည်။
အင်းလေ Ji တို့ ပုံစံကလည်း Lagcageတွေ ကိုယ်စီနဲ့ ညနေဘက်ကို Suncream လိမ်းလာသော Bibiနဲ့ Tae က မျက်နှာကို ထုံးသုတ်ထားသည့်နှယ်။ Ji နဲ့ မောင်က တီရှပ် ဆင်တူ နဲ့ဖြစ်ကာ လက်က တွဲထားသေးသည်။ Hyungက တစ်ချိန်လုံး သင်္ဂါ့အနားကပ်ကာ ချွဲနေတော့လည်း သူတို့ အမြင်မှာ ထူးဆန်းနေသည် ဖြစ်ပါလိမ့်မည်။
Jiတို့ ရထားစီးရမဲ့ စင်္ကြန်ကို ရောက်တော့ ရထားပေါ် ပစ္စည်းတွေ တင်ကာခါနီး ရှိန်း လွှတ်ပေးသည့် လူငယ်တစ်ယောက် ရောက်လာခဲ့သည်။ သင်္ဂါနဲ့ ထို ကောင်လေးနဲ့က မြန်မာလို ပြောဆို နေကြတာ Ji တို့က ဘာမှ နားမလည်၍ မျက်လုံး ကလယ်ကလယ်နဲ့ပင်။
Ji တို့ ပစ္စည်း တင်ပြီးတော့ ရထားက စထွက်ရန် ဥဩ ဆွဲတော့သည်။ ညနေ 4နာရီ အတိမှာ ရထားထွက်ကာ Ji တို့ အတွက်ကျ ရထားစီးရတာရော ရန်ကုန်ရဲ့ ဘူတာ တွေ ကို ဖြတ်သွားတာရောက အထူးအဆန်းဖြစ်နေသည်။
သင်္ဂါက ရထား တစ်တွဲလုံး ကို လက်မှတ် ဖြတ်လိုက်ရာ ထို အတွဲမှာ အိပ်စင် နှစ်ခု ထိုင်ခုံ များက တစ်ဖက်မှာ 4 ခုံနဲ့ စုစုပေါင်း 8ခုံ ပါသည်။ အိမ်သာလည်း သီးသန့်ပါသည်မို့ လွတ်လွတ်လပ်လပ်ပင်။ အိပ်စင်က အပေါ်အောက်ဖြစ်ကာ လူ 8ယောက်လောက် သက်တောင့် သက်သာ သွားလို့ ရသည်။
YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...