Part 25

829 53 3
                                    

ဒီနေ့က ပုဂံရဲ့ ‌ဒုတိယမြောက်နေ့ ။ဒီနေ့တော့ မနက်စာကို အပြင်မှာပဲ ကြုံသလို စားကြမည်ဟု တိုင်ပင်ကာ Hotelကနေ ထွက်လာတော့ မနက် ၇နာရီ ။ ဘယ်ကနေ စသွား ရမလဲ မေးနေကြတုန်း BiBi က ကျန်သည့် စွယ်တော် နှစ်ဆူကို သွား ကြမည်ဟု ပြောတော့ အကုန်လုံးရဲ့ ဦးတည်ရာက ဧရာဝတီမြစ်ကမ်းဆီသို့ ။

အရင်ဆုံး တန့်ကြည်တောင် စေတီ ဆီသို့ သွားမည် ဖြစ်ကာ   ဧရာဝတီမြစ်ကို ဖြတ်ကာ လှေစီး၍ သွားရမည် ဖြစ်ရာ အကုန်လုံးက စိတ်လှုပ်ရှားနေကြသည်။ ရေပြင်ကို လှမ်းထိလို့ရသည့် အနေထား ကနေ သွားရသည်မို့ ရင်တုန်နေတာလည်း ပါမည်။

လှေဆိပ်မှာ Ji တို့ က နှစ်စင်း ငှားကာ တန့်ကြည့်တောင် ရှိရာသို့ လာခဲ့ကြသည်။ ကြည်သာရယ် သင်္ဂါရယ် Hyungရယ်က တစ်စီး Ji တို့ ကျန်တဲ့ လေးယောက်က တစ်စီး စီးကာ။ တသွင်သွင် စီးနေသော မြစ်ဧရာကို ဖြတ်ကာ တိုက်ခတ်လာသော လေနုအေးကြောင့် မနက်ခင်းတို့က ကြည်နူးစရာ။

တငြိမ့်ငြိမ့်လှော်ခတ်ကာ တ‌ရွေ့ရွေ့ ‌သွားနေတဲ့ လှေပေါ်ကနေ လှမ်းမြင်နေရသည့် တန့်ကြည့်တောင်သည် မှိုင်းညို့ညို့နဲ့ပင်။

လှေပေါ်ကို စတက်ထဲက ကြောက်တတ်သည့် BiBiက နောက်ကနေ Tae အင်္ကျီစကို ဆွဲကာ ထားသည်။ Tae က ဘာစိတ်ကောင်း ဝင်နေသည်မသိရာ အင်္ကျီ ကိုင်ထားသည့် BiBiလက်ကို ဆွဲယူကာ သူ့လက် နောက်ကနေ လှမ်းကိုင်ထားခိုင်းသည်။ လှမ်းကြည့်လိုက်ရင် Tae က BiBiရင်ခွင်ထဲမှာပင်။ ထိုမြင်ကွင်းကို နောက်ကနေ ရှိနေသည့် Ji တို့‌ေရာ တဖက်လှေက Hyungတို့ကရော ကြည့်ကာ တပြုံးပြုံးနဲ့ပင်။

မောင်က Ji ကို ဖက်ထားကာ Ji က ရေပြင်ကို ထိတွေ့ ဆော့စကားရင် လိုက်ပါခဲ့သည်။ မောင့်ရင်ခွင်ထဲမှာနေကာ သွားနေရသည့် ဒီခရီးက အလွန်ပင် ကြည်နူးခြင်းအတိ ။ ရင်ခွင်ထဲက နေ မောင့်ကို မော့ကြည့်မိတော့ Ji ကို ရွှန်းရွှန်းစားစား ပြန်ငုံ့ကြည့်ကာ နဖူး ပြင်က နွေးခနဲ။

ကြောက်တတ်သည့် Bibiက ဒီခရီးကို လာမည်ဟု ပြောပြီးမှ တကယ်တမ်း လှေစီးရသော အခါ လက်များပင် တုန်လာတော့သည်။ ချစ်ရတဲ့သူ ရှေ့မှာ သတ္တိရှိသည့် ပုံကို ပြချင်သော်လည်း ကြောက်သည့်စိတ်က လွန်နေသည်မို့ လှေပေါ် တက်ထဲက  အရဲစွန့်ကာ ယောင်းငယ် အင်္ကျီကို ကိုင်ထားမိသည်။

Your existenceWhere stories live. Discover now