ဒီနေ့ကခရီးသွားမဲ့နေ့ပင်။ ကူးရော Tae ရော Bibi ရော အကုန်လုံးက ရင်ခုန်စိတ်လှုပ်ရှားနေသလောက် Ji ကတော့ သွားခါနီး ရလိုက်သည့် စိတ် အနှောက်ယှက်ကြောင့် စိတ်က မရွှင်မလန်းနဲ့ပင်။
လေဆိပ်သို့ လာနေသည့် အချိန်တုန်းက Ji စိတ်တို့က ပျော်ရွှင်လျက်ရှိသည်။ လမ်းတစ်ဝက်မှာ ဝင်လာသော ဖုန်းကြောင့် Ji မျက်နှာ ပျက်တော့ Tae က အလိုက်တသိ ဖုန်းကို ယူကာ ကားရပ်ပြီး အပြင်ထွက်ပြောပေးခဲ့သည်။
ကြီးမေက သတိရလို့ ဆက်တာ အပြင် ဘာမှ မပြောပေမဲ့ Ji ကတော့ အိမ်ကို သွားခဲ့သည့် ညက အကြောင်းတွေ တွေးမိတိုင်း ရင်ထဲမှာ နေလို့ မကောင်းပေ။
ကိုရီးယားကနေ 5နာရီနဲ့ 13မိနစ် စီးပြီးတဲ့နောက်မှာ မြန်မာ ရန်ကုန် လေဆိပ်ကို ရောက်ရှိခဲ့သည်။ လေဆိပ်မှာ သင်္ဂါ့ရဲ့ လူယုံက ကြိုရောက်နေကာ Ji တို့ကို တည်းမည့် သင်္ဂါ့အိမ်သို့ လိုက်ပို့သည်။
ခရီးစဉ် တစ်လျှောက်လုံး တက်လာသည့် ပြဿနာက မြန်မာ ရောက်တော့လည်း မပြီးဆုံးနိုင်သေးပေ။ ကိုရီးယားလေဆိပ်မှာထဲက BiBi နဲ့ မထိုင်ချင်သည့် Tae က အခု အိမ်မှာ အခန်း ရွေးသည်ထိ မပြီးဆုံးနိုင်ပဲ စူကောက်ကာ နေတော့သည်။
အမှန်က ကူးက အဆင်ပြေအောင် တွန်းပို့နေပေမဲ့ Ji ကတော့ Tae စိတ်ထဲက စိတ်ဒဏ်ရာ အတိမ်နက်ကို သိနေတဲ့အတွက် အစက အောင်သွယ်ရန် လုပ်ပေးမဲ့ စိတ်ကို နောက်သို့ဆုတ်ခဲ့သည်။ Tae ဟာ Ji အလိုကျ နေပေးပေမဲ့ တစ်ခါ တစ်လေကျ မောင်နဲ့ Ji ကို ကြည့်ကာ ညို့မှိုင်းနေတဲ့ မျက်ဝန်းတွေ က Ji ကို သူ မမေ့နိုင် သေးတာ သက်သေပင်။
အစိမ်းသက်သက်ခွဲခဲ့သည့်ဒဏ်ရာအပြင် မချစ်သည့်သူကို အနားရောက်အောင် တွန်းပို့ပေးပါမည် ဆိုလျှင် Ji လောက် မတရားသည့် သူ ရှိပါဦးမလား။ Ji ဘက်က Tae ရဲ့ ဒဏ်ရာ တွေ သက်သာစေချင်သည့် စေတနာနှင့် BiBiဆီ တွန်းပို့ပေမဲ့ Tae ဘက်က မချစ်ဘဲ Ji စိတ်ချမ်း သာမှု ကို ကြည့်ကာ လက်ခံလိုက်ပါလျှင်လည်း စေတနာက တစ်ဖက်လူအတွက် ဝေဒနာ ဖြစ်သွားခဲ့မှာကိုလည်း မဖြစ်စေချင်ပေ။
မောင်ကတော့ ဒီပြဿနာတွေကို ဘာမှ မသိဘဲ သူ့သူငယ်ချင်း စိတ်ချမ်းသာရန်သာ အတင်း အောင်သွယ်ပေးနေတော့သည်။ အစက မောင့်ကို ဒီအကြောင်းတွေ ပြောပြရန် တွေးခဲ့သော်လည်း Tae ရဲ့ သိက္ခာနဲ့ မောင့်ရဲ့ လေးစားမှုတွေ လျော့သွားမှာ ဆိုးသောကြောင့် မပြောပြတော့ရန် ဆုံးဖြတ်ခဲ့သည်။ သူများတွေ အမြင်မှာ Tae က Ji ရဲ့ အဖြူစင်ဆုံး အနေနဲ့သာ မြင်စေချင်ခဲ့တာ Ji ဆန္ဒ အမှန်ပါ ။

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...