Part 8

1.6K 132 8
                                    

ပြန်ရောက်တာ သုံးလကျော် ကြာသည့်တိုင် ငယ်လေးမျက်နှာ တစ်ချက်မှ မမြင်ရ။ အရင်ဆို စနနေ့တိုင်း ပြန်လာတတ်သည့် သားငယ်က အခုဆို ဖုန်းတောင်မခေါ်ဘူး လို့ ကြီးမေပြောသံကြားတော့ ငါပြန်လာမိတာ မှားပြီလားဟု ပြန်တွေးရတာ အကြိမ်ကြိမ် အခါခါပင်။ ကိုကိုက ငယ်လေး ကျေနပ်သည်ထိ အများကြီးတောင်းပန်ပြီး ငယ်လေး နားမှာ အချိန်ကြာကြီး နေပေးမှာမို့ ကိုကို့ကို အခွင့်အရေးတော့ ပေးပါဦး ကလေးငယ်ရေ။

Jijiအခန်းထဲဝင်ကာ အိပ်ရာလေးပေါ်ထိုင်ရင်း တသိမ့်သိမ့် ငိုနေသည့် ကိုကြီးကို ကြည့်ကာ နှစ်သိမ့်ဖို့ စကားတို့က ပျောက်ရှ။ အမှန်ဆို နှစ်ယောက်လုံး မှားခဲ့ကြသည်မဟုတ်လား။ ကိုကြီးလည်း ညီငယ်လေးကို ဆုံးရှူံးခဲ့ရသလို ကျနော်လည်း သားကို ထားပစ်ခဲ့ရက်တဲ့ မကောင်းတဲ့ ကောင်ပဲ မဟုတ်လား။ အမှန်ဆို ကိုကြီးထက်ပင် ယုတ်မာ ရိုင်းစိုင်းခဲ့တာ ကျနော်ပါ။

"ကြီးမေ ငယ်လေးက ပြန်မလာတော့ဘူးလား မသိဘူးနော် "

"သားရယ် ငယ်လေးကို အချိန်ပေးလိုက်ပါ သားငယ်လေးကလေ အရမ်း သနားစရာကောင်းခဲ့တာ သူ လက်မခံချင်တဲ့ အတိတ်ဆိုးတွေ ကြားထဲမှာ အသားကျဖို့ လုပ်နေတုန်း သားကြီး ပြန်ရောက်လာခဲ့တာလေ "

"သား အမှားတွေကို ဝန်ခံပြီး ခွင့်လွှတ်ဖို့ တောင်းဆို ချင်ခဲ့တာ သားကို အခွင့်အရေးတောင် မပေးခဲ့ဘူး ငယ်လေးက "

"သားရယ် တကယ်ဆို သားငယ်လေးက ရင်အနာရဆုံးပါ တစ်ချိန်ထဲမှာ အဖေ အမေ ကို ဆုံးရှူံးခဲ့ရပြီး အရင်းနှီးဆုံး တစ်ယောက်ထဲသော သွေးသားက သူ့ကို ထားပြီး တစ်ခြားတစ်ယောက်ကို ရွေးသွားခဲ့တာလေ သူ တစ်ယောက်ထဲ ဖြစ်သွားတဲ့ ခံစားချက်ကြီး သူ အရမ်း ခံစားခဲ့ရတာ "

ဟုတ်ပါသည်။ အရာအားလုံးက သူ့အမှားတွေပင်။ ဖေနဲ့မေကို ဆုံးရှူံးလိုက်ရတဲ့ချိန်မှာ ငယ်လေး ဘယ်လောက်ကြောက်နေလိုက်မလဲ။ သူ့ကို ဘယ်လောက်တမ်းတနေလိုက်မလဲ။ သူကတော့ Joonရင်ခွင်ရှိနေသည့်တွက် ဖြေသာ
ခဲ့ပေမဲ့ ငယ်လေးတွက်က အရမ်း ကြောက်စရာကောင်းတဲ့ ခံစားချက်မျိူး ဖြစ်နေမှာပင်။ ငယ်လေးနဲ့ တွေ့တဲ့ခါကျ ပြောပြရဦးမယ်။ ဒါတွေ အားလုံးဟာ ကိုကို့ကြောင့် ကိုကို မိုက်ရူးရဲခဲ့တာမို့ Joon ကို အပြစ်မမြင်စေလို။ အရာအားလုံး သူပဲ ပေးဆပ်မည်မို့ အနားမှာ Joonရှိနေရင် ပြီးပြည့်စုံပါသည်။ အက်လောက်ထိ Joonကို ချစ်ရသည်။

Your existenceWhere stories live. Discover now