အာနန္ဒာဘုရားရဲ့မြောက်ဘက် ဆီမှာ ရှိတဲ့ ထမင်းဆိုင် ဆီသို့ ကြည်သာက ဦးဆောင်ကာ လာခဲ့သည်။ မန်းကျည်းပင်ကြီး အောက်တွင် တည်ရှိသော ဆိုင်လေးထဲမှာ လူတွေ က များပြားလျက်ရှိသည်။ ထိုင်ခုံနေရာရဖို့ ခေတ္တ စောင့်ရသေးသည်။ ဆိုင်နား ရောက်ပြီး စောင့်နေရကာမှ ဗိုက်က တဂွီဂွီနဲ့ပင်။မန်ကျည်းပင် ၏အေးမြရိပ်နဲ့အတူ ဆိုင်အတွင်းတွင် ခင်းကျင်းထားသော ထိုင်ခုံများမှာ အစိမ်းရောင် ဝမ်းဆက်။ ထို သစ်သား ခုံများမှာ Ji တို့ နေရာယူတော့ ထမင်း ပန်းကန်နဲ့ အတူ လိုက်ပွဲ ထမင်း အုပ်များကို အရင်ဆုံး လာရောက် ချပေးသည်။
ဟင်း အတွက်ကတော့ ကြည်သာနဲ့ သင်္ဂါက ဦးဆောင်ပြီး သွားမှာသည်မို့ Ji တို့က ထိုင်နေရုံပင်။ ခဏကြာတော့ မြန်မာတို့ရဲ့ သောက်စရာဟု ခေါ်သော ရေနွေး အဖြူကို လက်ဖက်ခြောက် ခပ်ထားသော အဖန်ရည် ဓာတ်ဘူးနဲ့ ပန်ကန်လုံး တွေ က အစီအရီ။
ကြည်သာပြန်လာတော့ နောက်ကနေ ဟင်းပွဲတွေ လာချပေးတော့သည်။ ဗိုက်ဆာနေသည့် Ji တို့ ပထမဆုံး လက်လှမ်းသော အရာမှာ အစိမ်းရောင် အရွက်နုနုလေး တွေကို ကြက်သွန်များများ မြေပဲနိုင်နိုင် နဲ့ သုတ်ထားသော ဟင်းပွဲဖြစ်သည်။ ချဉ်ဖြုန်းဖြုန်း အရသာနဲ့အတူ မြေပဲရဲ့ အဆိမ့်နဲ့ ကြက်သွန်ရဲ့ စပ်တပ်တပ် အရသာ ပေါင်းလိုက်တဲ့ အခါမှာ လုံးဝကို ဆွေမျိုးမေ့လောက်အောင် ကောင်းလှသည်။
Ji တို့မှာ ထို အရွက်သုတ်ကို အားရပါးရ စားကြတော့သည်။ ထို့အပြင် ပဲစေ့ ခပ်ကြီးကြီး များကို ဆီအနည်းငယ်နှင့် နှပ်ကာ စားရသော အရသာမှာ ခပ်ဆိမ့်ဆိမ့်နှင်ပင်။ အသားဟင်း တို့ကို မတို့ချင်အောင် ထို နှစ်မျိုးက စားကောင်းလှသည်။
အက်နောက်မှာ စပ်တဲ့ အရသာ ရတဲ့ ဟင်းတစ်မျိုးကို မြည်းကြည့်ကြတော့ စပ်စပ်လေးနဲ့ ပါးစပ်ထဲကို ထမင်းလုပ် ထည့်ပြီးရင်း ထည့်ချင်လှကာ ထို ဟင်းနှင့် ပန်းကန်ပြား ထဲမှာ ထည့်ထားသော အသီးရွက် အစုံက လိုက်ဖက်လှသည်။
နောက်တစ်မျိုးကတော့ ငါးဟင်းတော့ ငါးဟင်းပဲ ဖြစ်ကာ အသားတော့မဟုတ်ပေ။ မဆလာ အနံ့သင်းသင်းလေးနဲ့ ထို ဟင်းလေးက တထုတ်ထုတ် နဲ့ တကယ်စားကောင်းတာပင်။

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...