"ဒီးး ဒီးး " မြည်လာသော ဖုန်းသံကြောင့် ကိုကို ji တစ်ယောက် အိပ်ချင်မူးတူးဖြင့် ဖုန်းကိုင်လိုက်တော့ ကြားလိုက်ရသည့် အသံကြောင့် ငေါက်ခနဲထထိုင်မိတာ ဒေါသနဲ့ဝမ်းနည်းမှူကြောင့် တဆတ်ဆတ်တုန်လာသော နှုတ်ခမ်းပါးများနဲ့ ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းများ။ အခန်းထဲပြန်ဝင်လာသော Taeမှာ မြင်လိုက်ရသော Ji ပုံစံကြောင့် စားပွဲပုလေးကို ဝင်တိုက် မိသည်ကိုပင် အရေးမစိုက်နိုင်ဘဲ အနားကို သွားကာ
"Ji ဘာလို့ ငိုနေတာလဲ ဘာဖြစ်လို့လဲ "
"Tae ahh ကိုကို ဒီနေ့ပြန်လာနေပီတဲ့ ခဏနေ လေယာဉ်ဆိုက်တော့မယ်တဲ့ ကြီးမေ ဖုန်းဆက်တာ "
"အော် တစ်ခုခုဖြစ်လို့များလားလို့ စိုးရိမ်သွားတာ အစကတည်းက မင်း ကြိုသိနေတဲ့တာပဲလေ ji ရဲ့ အရမ်းကြီး စိတ်ထဲမထည့်ထားပါနဲ့ ပေါ့ပေါ့ပါးပါးပဲရင်ဆိုင်လိုက်နော် "
ပုခုံးကို ကိုင်ကာ ကလေးချော့သလို ပြောနေသော Tae ကိုကြည့်ပြီး တကယ် ဝမ်းနည်းလာရပါသည်။ အမှန်ဆို Tae နေရာမှာ ကိုကို ဖြစ်သင့်သည်မဟုတ်လား။Ji နားမှာ ရှိနေသင့်သည်မဟုတ်လား။
"ငါ တွေ့ဖို့ တော်တော် အရှိန်ယူရဦးမယ် အခုချက်ချင်း သွားတွေ့ရင် စိတ်တိုပြီး တစ်ခုခုလုပ်မိမှာ "
"အင်း အချိန်တွေ အများကြီးရှိတယ် Ji စိတ် အခြေနေ ကို သေချာ ထိန်းနိုင်မှ သွားတွေ့နော် အခု ရေချိုးတော့ မနက်စာပြင်ထားမယ် "
မနက်စာစားပြီး Tae ကို ကော်ဖီဆိုင်ကို ပို့ရင်း အလုပ်ကို ထွက်လာခဲ့တော့သည်။ အလုပ်ကို ရောက်တော့ ရုံးခန်းရှေ့မှာ ရပ်စောင့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကောင်လေး
"အာ Jung kook shii ဘာလို့ ထိုင်မစောင့်တာလဲဗျ "
"မဟုတ်ပါဘူး ကျနော် ဘယ်နေရာမှာ ထိုင်ရမလဲမသိလို့ "
"ဟုတ်ကဲ့ဗျ အလုပ်စားပွဲကိုတော့ ကျနော့် ရုံးခန်းထဲမှာပဲ ပြင်ထားတယ်ဗျ "
"အော် ဟုတ်ကဲ့ အခု ကျနော် ဘာလုပ်ရမလဲ "
"ကျနော် ဂျပန်မှာ Companyခွဲတွက် စာချုပ်လက်မှတ်ထိုးဖို့ရှိတယ်ဗျ အက်တာ အသေးစိတ်ကို အတွင်းရေးမှူးဆီက တောင်းပြီး ကြည့်လိုက်ပါဗျ ပြီးရင် ဘာလိုလဲ အကြံပေးပါခင်ဗျာ "

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...