Part 19

1K 87 6
                                    

တစ်ခါတစ်လေကျတော့လည်း ဟိုးအရင် တုန်းက အချိန်တွေ ပြန်လိုချင်မိသား။ အသဲအသက်က Tae မှ Tae တွယ်တာခဲ့တဲ့ အချိန်တွေကိုပေါ့ ။ တစ်ဖက်သတ်ကြီး ချစ်ပြီး တစ်ဖက်သတ်ကြီး အသည်းကွဲရတာ ရီစရာတော့ ကောင်းသား။

မုန်းမယ်ဆိုလည်း မမုန်းနိုင် ပြန်ချစ်မလာနိုင်တဲ့သူကို မေ့ပြီး တခြားသူဆီက အချစ်ခံကြည့်မယ် ဆိုတော့လည်း စိတ်က ခွင့်မပြုနိုင်။ ခက်ရပါချည်ရဲ့။ နောက်ဆို အသွားအပြန် ရှိတဲ့ မေတ္တာ သာ လိုချင်ပါသည်။

တစ်ခါတစ်ခါ အရမ်းမျှော်လင့်မိတာတွေက ငါ့ကိုယ်ငါ သတ်နေသလိုပဲ သိလား Ji ။ တစ်ခါမှတောင် မပိုင်ဆိုင်ဘူးခဲ့တဲ့ အချစ်ကို မင်းကို ထပ်ပြီး ဆုံးရူံးလိုက်ရတာ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်လဲ Ji ရာ ။

Ji မရှိသည့် နေ့ရက်တွေက တကယ့်ကို အလဲလဲအကွဲကွဲပင်။ ဆိုင်ကိုလည်း သိပ်ပြီး မသွားဖြစ်သလို အိမ်ထဲက အိမ်ပြင်လည်း မထွက်ဖြစ်ခဲ့ပေ။ နေ့စဉ် Ji များ ပြန်လာမလားဟု မျှော်မိကာ မရောက်လာတော့ ငိုမိသည်ကလည်း နေ့တိုင်းပင်။ အရေးထဲ Jung Hobiက နေ့တိုင်း ဖုန်းဆက်ကာ ချစ်တဲ့ အကြောင်းတွေ ပြောတော့ ပိုပြီး လွမ်းဆွတ်ရသည်။

အခုနေ Ji ကိုများ တွေ့ရင် လွတ်ထွက်မသွားအောင် ဖက်ထားမိမှာပင်။ လွမ်းတယ် အသက်ရေ။ ဆယ်စုနှစ်တာ သံယောဇဉ်ရယ် အရောင်ပြောင်းခဲ့တဲ့ အချစ်ရယ် ပေါင်းရင် ငါ့မှာ ရူးမတတ် ဆွေးရပါတယ်။ မင်းအငွေ့အသက်တွေ မင်း ရယ်သံ တွေ ရှိခဲ့ဖူးတဲ့ အိမ်လေးမှာ မင်းကို စောင့်နေတဲ့ ငါ့ကို မင်း သတိမှ ရပါ့မလား ။

မေ့ပစ်ဖို့ ကိုယ့်ကိုကိုယ် ပြောနေခဲ့ပြီး   အဲ့ဒီနောက်မှာ မေ့နိုင်သွားပြီလို့ ငါ့ကိုယ်ငါ စိတ်ရောကိုယ်ပါ လက်ခံလိုက်ရပေမဲ့  နောက်ရက်တွေမှာ မင်းကို မေ့ဖို့ ထပ်ပြီး သတိပေးနေရတဲ့ ငါကလေ တကယ်တမ်း ညာနေတာကွ။

ငါငိုရင်တောင် မင်းကို ပျော်စေချင်တာ ငါ့ရဲ့ အတ္တ‌ပါ အရင်းနှီးဆုံးလေးရေ ရောက်ရာ အရပ်မှာ ပျော်ပါ ရယ်ပါ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းပြီး ငါ့ကို မေ့ပါ ။

တစ်ခါတစ်လေမှာ မင်းကို မေ့ဖို့ မုန်းမို့ မင်းနားက ထွက်ခွာဖို့ တွေးမိပေမဲ့ ငါ့အဖြစ်ကလေ ရေငုတ်သမားက oxygenဘူးကို အဝေးလွှတ်ပစ်လိုက်သလိုမျိုးဖြစ်နေခဲ့တယ်။ မင်းက ငါ့ရဲ့ အသက်ရှင်ဖို့ အကြောင်းပြချက် ဖြစ်နေတာမျိုးလေ။ ငါတကယ် ပင်ပန်းနေပီ အသက်ရေ။

Your existenceWhere stories live. Discover now