Part 29

1K 66 2
                                        

‌တကူးတက ပြန်လာဖို့ ခက်ခဲ့သည့် ခရီးစဉ်ကတော့ အပျော်တလှည့် အငိုတစ်ခါနဲ့ ပြီးဆုံးသွားကာ အခုဆို ကိုရီးယားမြေတောင် ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။ Ga Ga hyung ကတော့ သင်္ဂါ နဲ့ ကျန်ခဲ့ကာ Ji တို့ လေးယောက်ပဲ ပြန်လာခဲ့ကြသည်။

ပြန်ရောက်ရောက်ချင်း ကြီးမေ ဖုန်းဆက်လာတာ ကြောင့် မနက်ဖြန်မှ လာခဲ့မည်ဟု ပြောကာ တစ်ရက်နား လိုက်သေးသည်။ မောင်ကတော့ company သွားကာ ပစ်ထားခဲ့သည့် အလုပ်များကို သွားပြီး စစ်ဆေး နေသည်မို့ Ji ဒီနေ့ ကြီးမေတို့အိမ် သွားရန် ဦးတည်လိုက်သည်။

ခြံတံခါး ကနေ ဖြတ်မောင်းလာသည့် Ji ကားလေးက အိမ်ရှေ့ ဆင်ဝင်အောက်မှာ အရပ် ပြေးထွက်လာသော parkအိမ်တော်သားကြီး။ Ji ကို မြင်တော့ ပြေးလာတာ တိခနဲ ရပ်ကာ နောက်သို့ပြန်လှည့်သွားတော့သည်။

"ဘာလဲ မမြင်ချင်တဲ့ မျက်နှာမလို့ ပြန်လှည့်သွားတာလား ကိုကို "

ကိုကို ကိုကို တဲ့လား ငယ်လေးက ကိုကို လို့ ခေါ်လိုက်တာလား ။ ခပ်လှမ်းလှမ်း မှာ ရပ်နေတဲ့ Joon ကို လှမ်းကြည့်တော့ ပျော်တဲ့စိတ်ကြောင့် ကျလာတဲ့ မျက်ရည်တွေ ကြားက ဝေ့ဝါး နေကာ ခန္ဓာကိုယ်က တုန်ရီ လာရသည်။

ဖြည်းဖြည်းချင်း နောက်ပြန် လှည့်ကြည့်တော့ ချစ်ရပါသော ကလေးငယ်။ ပြေးကာ ဖက်ထားမိတော့ ရင်ခွင်ထဲတိုးဝင်ကာ အူလှိုက်သည်းလှိုက် ငိုချတော့သည်။ ဒီကလေးလေး ဘယ်လောက်တောင် တင်းခံထားခဲ့တာပါလိမ့်။ လက်သေးသေးလေးတွေနဲ့ ဖက်တွယ် ထားခဲ့တာ ထွက်ပြေးမသွားအောင် ချုပ်ထားတဲ့အတိုင်း ။

ငိုလို့ဝမှ အိမ်ထဲကို ဝင်ကာ ကြီးမေရော Joon ရော ရှိရာသို့ လျှောက်လာခဲ့လိုက်သည်။ အကုန်လုံးက ‌ညီကို နှစ်ယောက် ပြန် အဆင်ပြေတာ ကို ကြည့်ပြီး ပြုံးနေရုံသာ မက မျက်ရည်ပင် ဝဲနေကြသေးသည်။ ငယ်လေးကတော့ စရောက်ထဲက ကိုင်ထားသည့် Jin လက်ကို တစ်ချက်မှ မလွှတ်ဘဲ ကိုင်ထားကာ Joon ကိုလည်း ခိုးကြည့်သေးသည်။

"သား ခရီးသွားက ပြန်လာလို့ လက်ဆောင် လာပေးတာ "

"ဟုတ်လား သားငယ်က ဘယ်ကို သွားတာလဲ ကြီးမေ ကိုတောင် မပြောသွားပါလား "

Your existenceWhere stories live. Discover now