Part 28

865 57 1
                                    

အငိုတွေနဲ့ အိပ်စက်ပြီး မကြည်လင်ခြင်းတွေနဲ့အတူ နိုးထလာရတဲ့ မနက်ခင်းတွေက ဘာမြင်မြင် မနှစ်မျို့ဖွယ်ရာပင်။ စိတ်ထဲမှာ လေးလံကာ ဘယ်သူ့ကိုမှလည်း အရေးတယူ စကားလည်း မပြောချင်တော့ပေ။ ဖြစ်နိုင်ရင် ဂျောင်ထဲမှာ ခွေနေချင်စိတ်တို့ကသာ ဖြစ်ပေါ်နေသည်။

ဒီနေ့ က ပုဂံရဲ့ နောက်ဆုံးရက် ဖြစ်ကာ မနက်ဖြန် လေယာဉ်နဲ့ ရန်ကုန် ပြန်ဖို့ စီစဉ်ထားခြင်း ဖြစ်သည်။ အစက တစ်ပတ် ပြည့်သည်ထိ နေဖို့ရာ အကြောင်းကြောင်း ကြောင့် ပြန်ရန် ဖြစ်လာခဲ့သည်။

မနေ့က အစောကြီး အိပ်ရာဝင်မိကာ A Jiကို ဘာမှ မပြောဖြစ်ဘဲ အိပ်ပျော် သွားခဲ့သည်။ အခုမနက် A Jiကို ကြည့်ရတာ မျက်နှာလေးက တကယ့်ကို ညှိုးညှိုးငယ်ငယ်လေး။ ညက ဘာမှ မပြောလို့ စိတ်ကောက်နေတာ လား ဟု မေးတော့လည်း မဟုတ်ပြန်။ Tae Tae Hyungကတော့ A Jiကို အရိပ်တကြည့်ကြည့်နဲ့ သက်ပြင်း ခဏခဏ ချကာနေသည်။ ဘာတွေ စိတ်ညစ်စရာ ရှိနေပြန်ပီလဲ A Ji။

ဒီနေ့ကတော့ ညောင်ဦး ကျောက်ပတောင်း ကားလမ်းဘေးမှာ ရှိတဲ့ ထန်းဥယျာဉ် ထန်းတဲ သို့ သွားကြသည်။ အရင်ရက်က ကြည်သာက မြန်မာ့ထန်းရည် ကို လိုက်တိုက်မည်ဟု ကတိပေးထားသည်မလား။

ထန်းဥယျာဉ်ထန်းထဲသို့ ရောက်သောအခါ ကားထားရန် နေရာလည်း စီစဉ်ပေးထားသည်ကို တွေ့ရသည်။ ထို့ပြင် ထန်းရေ သောက်ရန် ကြောင်အိမ် လှေကားဖြင့် အပေါ်သို့ တက်ကာ သောက်ရသည့် တဲ မြင့်မြင့် များကလည်း အများအပြား။

"ဒါကို ကျနော်တို့ ဘက်မှာ လင့်စင် လို့ ခေါ်တယ်ဗျ လာဗျာ အပေါ်မှာဆို လေတဖြူးဖြူးနဲ့ အညာဒေသရဲ့ ရှူ့ခင်းတွေကို မြင်ရမှာ "

ထိုလင့်စင့်ပေါ် ရောက်တော့ မြင်ရသည့် ထန်းပင် စိမ်းစိုစိုနဲ့အတူ လတ်ဆတ်သော လေက ဝေ့ခနဲ။ ညို့မှိုင်းမှိုင်း ကောင်းကင်နဲ့အတူ မြင်ရသော မြင်ကွင်းက တကယ့်ကို မျက်စိအေးစရာ ။

ခဏကြာသော စဉ့်မြေအိုး များဖြင့် ထည့်ထားသော ထန်းရေ အိုးများ ‌နှင့်အတူ ကြွက်ကြော် ပဲကြီးလှော် ဆတ်သားခြောက်ဖုတ် စသည့်ဖြင့် အမြည်းစုံစုံလင်နဲ့ လာချပေးတော့သည်။

Your existenceWhere stories live. Discover now