Taeကို ရင်ခွင်ထဲက ထုတ်ကာ အိမ်ပြင်ပြေးထွက်သွားသော Ji မှာ ဖိနပ်ပင်မပါသွားချေ။ ရုတ်တရက် ပြေးကာထွက်သွားသည်ကို ကြောင်ကြည့်နေမိသော်လည်း သတိဝင်လာသည့်အခါ Ji က မျက်စိရှေ့မှာ မရှိတော့ပေ။
ခြံပြင်ပြေးထွက်ကာ ကြည့်မိတော့လည်း Ji အရိပ်အယောင်ကို မတွေ့ ။ စိတ်ပူကာ ဖုန်းဆက်တော့လည်း ဖုန်းက ဧည့်ခန်း စားပွဲပေါ်မှာ ရှိနေလျက်။
ဘယ်ကို ပြေးထွက်သွားမှန်း မသိသောကြောင့် Jiပြန် အလာကိုသာ စောင့်ဆိုင်းရန် ဧည့်ခန်းထဲ ခြေပစ် လက်ပစ် ထိုင်ချမိတော့သည်။
စိတ်ပင်ပန်းရသည့် နေ့ရက်တွေ အမြန်ကုန်ဆုံးချင်လှပါသည်။ မရနိုင်တဲ့ မေတ္တာ ကို မျှော်လင့်ပြီး စိတ်ကို ဒုက္ခပေးနေမိတာ။ တကယ် ဆို Tae ကိုယ်တိုင်က ပြဿနာ ဖြစ်နေခဲ့တာ ။
လက်က ဒဏ်ရာက တဆစ်ဆစ်နာကာ သွေးက အခုထိ မတိတ်သေးပေ။ အကုန်လုံးကို ကျောခိုင်း ကျောခိုင်းထွက်လာခဲ့သည့်နောက် ဘယ်ကို သွားလို့ သွားရမလဲ က မသိ။
သေချာတာကတော့ ဒီဒဏ်ရာ ဒီပုံစံနဲ့ Tae ဆီ မပြန်ချင်ပါ ။ Ji ပုံစံကိုသာ တွေ့ရင် Tae ဟာ သည်းထန်စွာ ငိုကြွေးကာ သူ့ကိုယ်သူ အပြစ်တင် ယူကျူံးမရ ဖြစ်နေဦးမှာ ။
အခုလည်း ဘယ်သွားမှန်း မသိသည့် Ji ကို စိတ်ပူနေဦးမှာ သိသည်။ တောင်းပန်ပါတယ် Tae ရ ငါ့သာ မင်းကို မဖက်တွယ်ခဲ့ရင် အခုချိန် မင်း ပျော်နေရမှာ ။
ဒါဆို Ji ကရော။ ကိုကိုသာ Ji ကို တစ်ချက်ကလေး ပြန်ကြည့်ခဲ့ရင် တော်ပါပီ။ ဖြစ်မလာနိုင်တော့တဲ့ အတိတ်ကို ပြန်တွေးကာ နောင်တ မရချင်တော့ပါ။ မမျှော်လင့်ချင်တော့ပါ။
ကိုကို့ကို ဒီလောက်ထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိမယ် လို့လည်း မထင်ခဲ့ပါ။ Ji ဟာ ဘယ်တုန်းကမှ မရိုင်းစိုင်းခဲ့ဖူးပါ။ အခုတော့ သိပ်ကို ရိုင်းစိုင်းတဲ့ ကောင်လေး တစ်ယောက်ဖြစ်ခဲ့ရသည်။
ဒီတိုင်း ဆက်လျှောက်နေရင်း လက်က ဒဏ်ရာက တဆစ်ဆစ် ကိုက်လာခဲ့သည်။ အိတ်ကပ်ထဲ စမ်းကြည့်တော့ အကြွေစေ့ အနည်းငယ်နှင့် ပိုက်ဆံ အနည်းငယ်ကို စမ်းမိသည်။ တော်ပါသေးသည်။

YOU ARE READING
Your existence
Romansကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...