ကူးရေ ကူးရေ ခေါ်သံနဲ့အတူ အိမ်ထဲရောက်လာတဲ့ ကျနော့် သူငယ်ချင်း Hobi
"သားရေ ကူးကူး က အိမ်ပေါ်မှာ တက်သွားလိုက်လေ သား"
"ဟုတ်ကဲ့ အန်တီ နေကောင်းတယ်မလား ခင်ဗျ"
"ကောင်းပါတယ် သားရယ် သား မိဘတွေရော နေကောင်းကြလား "
"ဟုတ်ကဲ့ နေကောင်းကြပါတယ်ခင်ဗျ သားတို့ အပြင်သွားမလို့ ကူး ကို လာခေါ်တာ ခဏခေါ်သွားမယ်နော် အန်တီ "
" အေးအေး ဂရုစိုက်သွားကြနော် "ကူး မေမေနဲ့ စကားပြောပြီး အပေါ်ရောက်သွားတော့
"ဟျောင့် ကူးရ မင်း ဘာလုပ်နေတာလဲ အပြင်သွားကြမယ် "
"ငါ စာလုပ်နေတာ BiBi မလိုက်တော့ဘူးကွာ"
"ဟျောင့် မင်း တစ်ချိန်လုံးစာမှစာ လုပ်မနေနဲ့ အပြင်လေးဘာလေး သွား ရအောင် ထ မင်းမလိုက်ရင် ငါ စိတ်ဆိုးမှာနော် လာပါကွာ ဒီတစ်ရက်လေးပဲဟာ "
"အေးကွာ ငါ့မှာ သူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲရှိတာဟာ ငါ့ကို စိတ်ဆိုးတာနဲ့ပဲ ခြောက်နေလိုက် "
"ဟီး လာပါကွာ ငါတို့ ဟန်မြစ်ကို သွားထိုင်ပြီး မုန့်ဈေးတန်းသွားရအောင် "သူငယ်ချင်းနှစ်ယောက် ဟန်မြစ်ဘေးမှာ ထိုင်ရင်း
"BiBi ရ ငါတို့ကျောင်းပြီးဖို့ သိပ်မလိုတော့ဘူးနော်
စာမေးပွဲမှာ သေချာဖြေနိုင်ဖို့ ငါ စာကြိုးစားရမယ် "
"မင်း တက္ကသိုလ်စတက်ထဲက စာမှစာ လုပ်နေတာ မဟုတ်သေးပါဘူးကွာ သူများတွေလို ပျော်ဖို့လည်း စိတ်မဝင်စား ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်းပဲ ဖြစ်နေတဲ့ နေ့စဉ်ဘဝကြီးကို မင်း မငြီးငွေ့ဖူးလား သူငယ်ချင်းလည်းမရှိ မင်းဟာက မဟုတ်သေးပါဘူးကွာ"
"ငါ့မှာ မင်းရယ် မေမေရယ် ကျောင်းပြီးရင် ငါဖြစ်ချင်တဲ့ Tourist guideဖြစ်ဖို့ ရည်ရွယ်ချက်ရယ် ရှိတယ်လေကွာ ထပ်ပြီး မလိုတော့ဘူး ဘာမှ .... "
"ကူး ငါမေးမယ်နော် မင်း ဘဝကို တသမတ်တည်း သွားမယ်လို့ ထင်နေတာလား မင်းမေမေ မရှိတော့တဲ့ချိန်ကျ မင်းတစ်ယောက်ထဲ နေသွားမှာလား ငါကရော မင်းဘေးမှာ အချိန်ပြည့်ရှိနေမယ် ထင်လို့လား ကူးရယ် စဉ်းစားကြည့်စမ်းပါကွာ "စကားပြန်မလာလို့ ကြည့်လိုက်တော့ မြစ်ဘက်ကို ငေးပြီး ငြိမ်နေ ကူး ....
ခဏကြာတော့...... ကူးက သူ့ဘက်ကို ပြန်လှည့်ကြည့်ကာ
"ငါဘာလို့ ဘဝက တစ်သတ်မတ်တည်းရှိတယ်လို့ တွေးလည်း မင်းသိလား ဘယ်တော့မှ ပြည့်မလာနိုင်တဲ့ ဆုတောင်းတွေကြောင့်လေ ငါ့ဘဝမှာ ဖေဖေ ငါ့တို့ ဘဝထဲ ပြန်လာဖို့ ဆုတောင်းခဲ့ဖူးတယ် မေမေတစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့ချိန်တွေ သူများတွေ မိဘအစုံအလင် ဖြစ်နေတဲ့ ဘဝကို အားကျခဲ့ရတဲ့ အချိန်တွေ တုန်းက ငါလည်း ဖေဖေပြန်လာပါစေလို့ နေ့တိုင်း ဆုတောင်း ခဲ့ဖူးတဲ့ ကလေးတစ်ယောက်ပေါ့ ဒါမဲ့ ငါအခု အသက် နှစ်ဆယ် ရှိနေပီ bibiရ ဘဝက တသမတ်တည်း ရှိနေတုန်း ဖေဖေလည်း ပြန်မလာခဲ့သလို ငါ့ဆုတောင်းလည်း မပြည့်ခဲ့ဘူးလေ အက်တာကြောင့် ရှိနေတဲ့ သူတွေနဲ့ တင် ငါ့ဘဝကို ရောင့်ရဲပြီး နေတတ်ဖို့ ကြိုးစားခဲ့တာ မေမေနဲ့ မင်း မရှိတဲ့ ချိန်တွေ ငါတွေးကြည့်ဖူးတယ် ဒါမဲ့ ငါ့ဘဝထဲကို ထပ်ပြီး ဘယ်သူ့မှ အဝင်မခံတော့ဘူး ဖေဖေတစ်ယောက်နဲ့တင် လုံလောက်တာမို့ လူတွေ ထပ်ဝင်လာပြီး ပြန်ထွက်သွားတဲ့ခါ ရလာမဲ့ စိတ်ဒဏ်ရာမျိုး ငါထပ်မလိုချင်တော့ဘူး "
YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...