^1^

2.7K 169 4
                                        

Boss Jလို့လူသိများတဲ့ Mafiaခေါင်းဆောင် မြေအောက်လောကအရှင်သခင်...ကြမ်းတမ်းရက်စက်မူအားလုံးရဲ့ ပဲ့ကိုင်ရှင်....
Bossဆိုတဲ့အသုံးအနူန်းကြောင့် အသက်ကြီးကြီး၊နှဖူးပြောင်ပြောင်၊ဗိုက်ပူပူနဲ့ သက်ကြားအိုလို့ထင်ရင် သိပ်မှားသွားမယ်....
ဒါဆိုအရိုင်းအစိုင်းသရုပ်ပျက်လူငယ်မျိုးလားမမေးနဲ့ အသက်ရှင်ချင်ရင်ပေါ့....
မဟုတ်ဘူးBoss Jဆိုတာ တည်တည်ငြိမ်ငြိမ် အသက်25နှစ်နဲ့ ခန့်ညားလွန်းအမျိုးသား...အပြုံးအရယ်မရှိတဲ့နတ်ဆိုးလိုမျိုး...အကြည့်တစ်ချက်နဲ့ပြာကျစေနိုင်တဲ့ နတ်ဘုရားတစ်ပါး...
အတိအကျပြောရရင်...နူးညံမူအလျင်းမရှိတဲ့ အနက်ရောင်မြကတ္တီပါထက်က ဝံပုလွေရိုင်းပမာ ကြမ်းတမ်းလှတဲ့လူသား....

"Boss အဆင်သင့်ဖြစ်ရင် သွားလို့ရပါပြီ..."

"ကောင်းပြီ ငါပြင်ဆင်ပြီး ဆင်းခဲ့မယ်..."

Jeonအိမ်တော်ထက်က ဆင်းလာတဲ့လူသား အနက်ရောင်ကိုခေါင်းစခြေဆုံးဆင်မြန်းကာ တောက်ပြောင်လွန်းတဲ့Boss J....နှဖူးပြင်ထင်းထင်းပေါ်အောင် အနက်ရောင်ဆံသားတွေကို နောက်ကိုလှန်တင်ထားတော့ လင်းလင်းလက်လက်နဲ့တောက်ပနေတာ နေလုံးကြီးပမာ....

"Taehyung ဘယ်မှာလဲ..."

"Taehyungက ဟိုမှာစောင့်နေပါတယ်....Boss.."

"Omm...ပစ္စည်းတွေရောက်ပြီလား..."

"ကမ်းဆိုက်တော့မယ်ပြောပါတယ်..."

"သွားမယ်"ဆိုတော့လည်း ကားတ့ခါးဖွင့်ပေးမယ်သူ အဆင်သင့် ခေါင်းနဲ့မထိစေရန် လက်နဲ့ကာပေးတဲ့သူက အဆင်သင့် အဲ့ဒါJရဲ့ဘဝပဲ ရွှေဇွန်းကိုက်ကာ ရွှေပုံပေါ်ထိုင်လာတဲ့ဘဝမျိုး လက်ညိုးထိုးတောင်းတရုံနဲ့ အရာအားလုံးရနိုင်တဲ့သူ....

အနက်ရောင်သန်းချီတန်တဲ့ ကားကြီးဟာမောင်းနှင်းသူBossရဲ့ ညာလက်ရုံးmin yoongiဆိုသူနဲ့ Bossသာပါသည်...မြို့ပြင်တစ်နေရာက Bossရဲ့ပိုင်ဆိုင်တဲ့ဂိုထောင်ကြီးဆီကို တစ်နာရီလောက်မောင်းလာခဲ့တယ်....

"ရောက်ပါပြီ...Boss.."
ကားတံခါးဖွင့်ပေးပြီးသည်နှင့် အနက်ရောင်leather shoeနဲ့ဆင်းလာတဲ့Boss ပတ်ဝန်းကျင်တောင် မှောင်ရိပ်သန်းသွားတယ် ထင်ရအောင် လွှမ်းမိုးနိုင်သူ...

မောင့်အရိပ်Место, где живут истории. Откройте их для себя