ဧည့်ခန်းမှာမောင်နဲ့အတူထိုင်ရင် တီတီတာတာပြောဖြစ်နေတော့ မောင်ကကလေးလိုပဲ ဆိုးချင်ပြန်တယ်...
"မောင်..."
"မောင့်...."
"မောင်...ခေါ်နေတာကိုကွာ...."
ဆ
"မောင်မအားဘူး အလုပ်ရူတ်နေတယ်..."သူအလုပ်ရူတ်နေတယ်ဆိုလို့ စာရင်းစာအုပ်ကိုင် လပ်တော့နဲ့မထင်ပါနဲ့ ကိုယ့်လည်တိုင်နား ရစ်သီသီနဲ့ ခွင့်မပြုသေးလို့ စောင့်စားရတဲ့အလုပ်ရူတ်နေတာလေ....
"မောင်ကကွာ စကားပြောမလို့ကို..."
"နမ်းဦးမယ် ပြီးရင်ပြော နမ်းမယ်နော်..."
"အရာမထင်စေနဲ့နော်....အ့....မောင့်.... ကိုယ်အလုပ်လုပ်ရဦးမှာ...ကိုက်မနေနဲ့ အ..အ့.."
ပြောရင်ပိုလုပ်တတ်တဲ့ ကလေးဆိုးကြီး ချတ်ပြုတ်အလုပ်လုပ်ရပါဦးမယ်ဆိုတာကို ကိုက်နေပြန်ပြီ နာတာမဟုတ်ပေမယ့် မောင်ကျီစယ်ရင်ကိုယ်ရူးရတာအကြိမ်ကြိမ်....
"ရပြီ...ချိုနေတာပဲ...မြ..."
"မောင် တအားကဲတာပဲ ဧည့်ခန်းထဲမှာကို..."
"ဘာဖြစ်လဲ ချစ်လို့နမ်းတာကို....မြ...ပြွတ်စ်...."
"မောင့် တစ်ယောက်ယောက်မြင်သွားမယ်..
"
"ဘယ်သူကြည့်ရဲလို့လဲ သေဖိုပြင်ထား...""မောင်နော် လူမိုက်လုပ်ပြန်ပြီ...ကြောက်ပါတယ် ဘယ်သူမှမကြည့်ရဲပါဘူး..ဟုတ်ပြီလား.."
"ဟုတ်ပြီ မောင့်အသဲကိုမောင်ပဲကြည့်ပဲ မောင်ပဲနမ်း မောင်ကပဲချစ်မယ်!!!...."
မြ....မြ....မြ.....မြ....မြ....
"ဟီး...မောင့်.....တော်တော့...ဟီး...
ဟီး...."သူ့တစ်ကိုယ်လုံးနဲ့ သိမ်းကျုံးဖက်ထားပြီး မျက်နှာအနှံ့အပြား နမ်းနေတာများ စပါးစေ့တွေကျဲချသလိုပဲ မောင်နမ်းရင်ကိုယ်ကအလိုလိုကျေနပ်နေတာတော့ မတတ်နိုင်ဘူး ကိုယ်မောင့်ကိုချစ်တယ်လေ...
(A/N-တော်တော့ဆိုပြီး ရင်ခွင်ထဲကမထွက်ဘူး အတွဲတွေများတရားကျချက်တော်😏😏....)
မောင်နဲ့ကလူကျီစယ်နေတုန်း အိမ်တံခါးကိုအားနဲ့စောင့်တွန်းပြီးဝင်လာတော့ အိမ်ကြီးရှင်တောင် လန့်ဖြန့်သွားတာ ကိုယ်ဆိုသွေးပါရပ်သွားသလိုပဲ....