အနက်ရောင်ဖိတ်ဖိတ်တောက်နေတဲ့ သန်းချီတန်ကားကြီးဟာ Jeonအိမ်တော်ထဲ ဝင်လာခဲ့သည့်အထိ BoosJမျက်နှာမှာ ပန်ဆင်လာတဲ့အပြုံးနုနုတွေဟာ BossJနဲ့လားလားမှမဆိုင်တဲ့အရာ....အပြုံးအရယ်မရှိတဲ့ လူသားတွေရဲ့အကြောက်တရားနတ်ဘုရားလို့တင်စားခံရတဲ့ BossJဟာ ပြုံးနေတယ်ဆိုတဲ့ဖြစ်ရပ်ဟာ ထူးဆန်းလှတဲ့အကြောင်းအရာတွေထဲတစ်ခုအဖြစ် မှတ်တမ်းတင်ရမည်ထင်ပါတယ်....ပုံမှန်မဟုတ်တဲ့အပြုံးမျိုးပါ အသက်မပါတဲ့BossJရဲ့ လက်စွဲတော်အပြုံးမဟုတ်ပါဘဲ အသက်ဝင်လှုပ်ရှားနေတဲ့ လှလှပပနုနုရွရွလေးပြုံးနေခဲ့တာ....ပါးချိုင့်လို့အမည်မတွင်တဲ့ ဘယ်ဘက်ပါးကပါးချိုင့်ရေးရေးလေးတောင် မြင်ရသည့်အထိ ပြုံးနေခဲ့တာ...ဘေးပတ်ဝန်းကျင်တောင် လင်းလက်သွားသလားထင်ရတဲ့ ချိုမြမြအပြုံးတွေ....
[A\N-ဘစိုင်းပြောတဲ့ အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းကဆယ်ကျော်သက်....အခုလည်းအကြောက်တရားနတ်ဘုရားကြီးဟာ ပန်းတွေပွင့်အောင်ပြုံးနေပါပြီ....အချစ်ရဲ့စွမ်းအားကကြီးမားချက်...]
"Taehyung ah...Bossကိုခေါ်လိုက်လေ...ရောက်တာလည်းကြာနေပြီကို..."
ကျွန်တော်တို့အိမ်တော်ထဲရောက်တာ နာရီဝက်လောက်ရှိတော့မယ်ထင်တယ်..."မခေါ်ရဲဘူး ပြုံးနေတာကြောက်စရာကြီး..hyungဘာသာခေါ်ပါ့လား...."
ဟုတ်တယ် ဒီလိုအပြုံးမြင်ရတာ ကျွန်တော်တို့အတွက်တော့ ကြောက်စရာပါပဲ...ပုံမှန်ဆိုကြောက်စရာမဲ့ပြုံးတွေတောင် မဖြုံခဲ့ပေမယ့် အခုဟာက လှလှလေးပြုံးနေတော့ ကြက်သီးတောင်ထတယ်..."အာ....ငါလည်းမခေါ်ရဲဘူးဟ...အတွေးထဲဘာတွေကအဲ့လောက်ပြုံးနေတာလဲမသိဘူး..."
တကယ်ပါပဲ ထူးထူးဆန်းဆန်းပြုံးနေတာဗျာ ကြောက်စရာကြီးပါဆို ကျွန်တော်တောင်လန့်နေတာ အခြားသူဆို ပြောမနေနဲ့တော့...."Hyung....ကျွန်တော်ထင်တာတော့ Bossကဟိုကောင်လေးကို ကြွေသွားတာလားမသိဘူး..."
"ဖြစ်နိုင်တယ်....ဒါပေမယ့် ကားပေါ်ထိုင်နေတာကြာပြီဟ....ဒီတိုင်းထားမလို့လား..."
အိမ်တော်ရောက်တာနဲ့ ကားတံခါးဖွင့်ပေးပြီးသည့်တိုင် ဆင်းမလာဘဲအတွေးထဲပြုံးဆဲBossရယ်ပါ....