နက်ဆွေးဆွေး အခန်းငယ်ထဲက ဖြူလျလျကိုယ်ထည်လေးဟာ ဒီနေ့မှမလိုက်မဖက်ဖြစ်နေသလို....
တက်တူးနဲ့လူမိုက်ကြီးဟာလည်း အသက်မျှရှိနေသေးသလားလို့ မေးရမည့်အဖြစ်မျိုး....
မလှုပ်မယှက်နဲ့ ချစ်ရသူရဲ့လက်ကလေးအားကိုင်ရင်း ပြိုကျတော့မယ့်မိုးလို ညို့မှိုင်းလွန်းတဲ့ မျက်နှာထားဟာ မြင်ရသူအတွက် စိတ်မကောင်းဖြစ်စေရမယ့် မြင်ကွင်းပေါ့...
ကုတင်ပေါ်ကလက်ကလေးကိုဆုပ်ကိုင်ထားရင်း ညလုံးပေါက်မအိပ်စက်နိုင်ခဲ့ပါ ...
သတိရလာလို့ သူ့ကိုရှာနေမည်စိုးလို့ထင်ရဲ့ အနားကတစ်ဖဝါးမှတောင် ရွေ့ခြင်းမရှိဘူး...
"မောင့်ကြောင့်များလား Hyungကိုအခုလိုပုံစံနဲ့မြင်ရတာ မောင်ရူးတော့မယ် မြန်မြန်သတိရပါတော့ကွာ..."
အားမလိုအားမရနဲ့ သူ့ကြောင့်များလားလို့ အကြိမ်ကြိမ်တွေရင်း ကြောက်နေမိတာူအမှန်...
မုန်းသွားပြီလား မုန်းနေပြီလားလို့ တွေးထင်ရင် ပြိုလဲနေတာသူသာအသိဆုံးပါ..
လှုတ်လှုတ်ခတ်ခတ်ဖြစ်လာတဲ့ မျက်လုံးလေးတွေ လက်ကလေးတွေကြောင့် သတိရလာပြီပဲဆိုပြီး ရင်ထဲကအပူလုံးကြီးကို အခုမှလွှတ်ချလိုက်ပြီး သက်ပြင်းရှည်ကြီးချမိတော့တယ်...
မျက်နှာနုနုလေးအား ဖွဖွကိုင်ရင်း...
"သက်သာရဲ့လား Hyung..."
"မောင်..."
"အင်း မောင်ရှိတယ်နော်..."
"မောင် ကိုယ်မေးစရာရှိတယ် မောင်အမှန်တိုင်းဖြေမလားဟင်..."
"မောင်ဖြေပါ့မယ် ဒါပေမယ့်အခုတော့မဟုတ်သေးဘူး..."
"ဟင် ဘာဖြစ်လို့လဲမောင်..."
"Hyungအပြည့်အဝနေကောင်းမှ စိတ်ကြိုက်မေးပါ မောင်ဖြေပါ့မယ်..."
မောင့်စိတ်ကိုအသင့်ပြင်ပြီး hyungမေးတာမှန်သမျှဖြေပေးပါ့မယ် hyungမေးမယ့် မေးခွန်းတွေကို မောင်အားလုံးသိပါတယ်..."အင်းပါ မောင်မျက်နှာချောင်ကျသွားသလိုပဲ..."
"မောင်အဆင်ပြေပါတယ် Hyungသာနေကောင်းအောင်နေ ဟုတ်ပြီလား..."
