ရောင်နီကျင်းလို့ နေရောင်လင်းနေပြီး လူဆိုးကြီးကတော့ အိပ်မပျော်နိုင်သေးဘူး...တနုံနုံနဲ့ဒေါသတွေဟာ လှိုက်လှိုက်တက်လာတာ...လှိုင်းလှလှလေးရေစီးနဲ့ပါသွားမှာ စိုးရိမ်ခဲ့လို့...တစ်ညလုံးမအိပ်ပါနဲ့ ဘဲဥချီဖို့ချောင်းနေတဲ့ ကျီးကန်ကိုဘယ်နေရာကစောင့်ပစ်ရမလဲ အကြံထုတ်ရင်းမိုးလင်းခဲ့တာ....ညဇီးကွက်တွေတောင် အိပ်ပျော်နေလောက်ပြီ အချစ်မီးလောင်မြိုက်နေတဲ့ အချစ်ကြီးသူBossကတော့ မပိုင်ရသေးဘူး သူများလုမှာစိုးနေပြီ...ပိုင်လို့လာထိရင် ငါ့လူထိငါနဲ့ညိှဆိုတဲ့ ဆိုင်းဘုတ်လည်ပင်းဆွဲပြီး ကောင်လေးလက်ကိုတင်းတင်းဆုပ်လို့ ခေါင်းကော့ရင်မော့သွားမည်ထင်ပါရဲ့....အခုတော့သူ့ခမျာမှာ 'ရည်းစားလူလု....အူနုကျွဲခတ်´ ဆိုသလိုနေမထိထိုင်မသာ လိပ်ခေါင်းများထွက်သလားပဲ....ပြန်ရောက်ထဲက ဒေါသတွေတစ်ပုံတစ်ပင်နဲ့ မစားနိုင်မအိပ်နိုင်.....
"ဒီကောင်ကျောတာများနေပြီ...ဘာလို့သူအနားကပ်နေတာလဲ...ဒီကောင်အကြံရှိနေတာလား...တောက်...အား..."
ဒုန်း....
သွားရှာပြီဖုန်းလေးတော့ ကွဲရှာပြီအစိပ်စိပ်အမွှာမွှာနဲ့....မှန်တခြား အဖုံးတခြား...ဒေါသဟာထိန်းဖို့ရာ ခက်သထက်ခက်လာလေပြီ....
"ဒီခွေးကောင်တော့...ဘာလို့လာကပ်နေတာလဲကွာ....တခြားလူနားကပ်ပါလား ....ဘာလို့ငါလူနားကို....ငါတောင်မရောက်သေးဘူး...ခွေးတတောင်းစားက ရောက်နေပြီ...ကျစ်..."
[A\N-ကျွန်မဆဲတဲ့အသုံးအနူန်းလေးတွေထည့်ထားတာ ကျွန်မအမျိုးသားကုိနန်းကျော်ကို ထိခိုက်စေလုိတဲ့ရည်ရွယ်ချက္မပါဘူးနော် တစ်မျိုးထင်နေမှာစိုးလုိ့]
ခွမ်....
ခုတင်ဘေးစားပွဲက အလှပန်းအိုးလေးလည်း အလှပျက်လို့ ကွဲရှာပြီ....."အပေါ်ထပ်က ဘာသံတွေလည်း ဒေါ်ကြီး..."
ကျွန်တော်ဝင်လာတာနဲ့ အသံတွေကကျယ်လာတယ်..."မသိပါဘူး...yoongiရယ်...မင်းတို့bossကဘာအလိုမကျပြန်လဲမသိပါဘူး...ညကပြန်လာထဲက အခန်းထဲကမထွက်ဘူး...မနက်ကျတော့လည်း ဒေါ်ကြီးရောက်ထဲက ကွဲသံတွေကြားနေရတာပဲ..."