ဆေးရုံခန်းလေးက တိတ်ဆိတ်တယ်လို့ ဘယ်သူပြောလဲ...
ဆေးနံလွင်လွင်လေးနဲ့ Channelရေမွှေးနံပြင်းပြင်းလေးဟာ သိပ်လိုက်ဖက်နေတာ မျက်စိကျစရာပဲ...
"သက်သာလား..."
ဆေးရုံမှာတစ်ပတ်လောက်နေပြီးတော့ မျက်နှာလေးဟာ နှင်းဆီရောင်လေးသန်းလာပြီမို့ အတော်သင့်သက်သာသွားပြီထင်တယ်...
"သက်သာပါတယ်..."
မျက်နှာလေးဟာညိုးလို့...နေလောင်ထားတဲ့ ပန်းနှင်းဆီလိုပဲ နေထိထားလို့ခေါင်းလေးကျိုးနေတာ မြင်စရာမရှိပါလား...
"ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား..."
"ဟင့်အင်း....ဒီလိုပါပဲ တွေးစရာရှိနေလို့...."
"ညနေဆေးရုံဆင်းဖို့ ကိုယ်သွားလုပ်လိုက်ဦးမယ်...ခဏပဲ ကိုယ်ပြန်လာခဲ့မယ်...."
"အင်း..."
ဇာပနအခမ်းအနား ဘာဆက်ဖြစ်သွားလဲမသိဘူး...ဆေးရုံတက်ရတာ တစ်ပတ်တောင်ရှိသွားတော့ hobiနဲ့လည်း အဆက်အသွယ်မရသေးဘူး....ဆေးရုံကဆင်းပြီး ဘယ်သွားနေရမလဲ ခေါင်းခဲနေပြီ....hobiဆီမှာဆက်နေဖို့ကျ အားနာမိတယ်....
"ဟူး....ဘယ်လိုလုပ်ရပါ့မလဲ...."
အတွေးနဲ့တင် ရူးချင်တယ်....ဆေးရုံတက်နေတဲ့တစ်ချိန်လုံး jeonကအစစအရာရာ အားလုံးဂရုတစိုက်လုပ်ကိုင်ပေးနေတော့ လိုအပ်တယ်ဆိုတာ ဘာမှန်းကိုမသိခဲ့ဘူး....
မနက်စာ၊နေ့လည်စာ၊ညနေစာ၊ညစာ၊ညလယ်စာ အားလုံးကိုလိုလေသေးမရှိလုပ်ကိုင်ပေးတယ်...စားချင်တာဆိုလည်း သူကိုယ်တိုင်သွားဝယ်ပေးတာမျိုး တခြားလူကိုမသွားခိုင်းဘူး မလုပ်ခိုင်ဘူး...သူကိုယ်တိုင်စိတ်တိုင်းကျ လုပ်ကိုင်ပေးရှာတယ်....ကျွန်တော့်အပေါ်အမြဲတမ်း ပြုစုစောင့်ရှောက်ပေးရှာတယ်....
တကယ်တမ်း ဆေးရုံဆင်းရတော့မယ်ဆိုတော့....ကျွန်တော်သူနဲ့ဝေးရမှာကြောက်လာတဲ့....သူ့ဂရုစိုက်မူတွေ ပျောက်သွားမှာစိုးရိမ်တယ်.....သူအနားမှာမရှိတော့မှာလည်း တွေးပူတယ်....ဘယ်လိုလုပ်ရပါ့မလဲ.....
"ညနေ ဆေးရုံဆင်းဖို့ ကိုယ်အားလုံးပြင်ဆင်ပြီးပြီနော်...."
