တိမ်ပြာပြာတွေကင်းစင်လို့ မိုးသားမှိုင်းမှိုင်းတွေ နေရာယူလာတဲ့ကောင်းကင်ကြီးဟာ ရုတ်ချည်းပြောင်းလဲလာတယ်။
လေပြေတွေအစား လေပြင်းပြင်းတွေ အစားထိုးဝင်ရောက်ကာ ဝန်းကျင်တစ်ခုလုံးကို ဗြောင်းဆန်စေတယ်။
သွားလာလှုပ်ရှားသမျှ အရာရာတိုင်းက ကွယ်ပျောက်လို့ ငြိမ်သက်သွားသလို တိတ်ဆိတ်ခြင်းအပြည့်နဲ့ လူသူကင်းစင်စေလို့ ခြောက်ခြားစရာကောင်းတယ်။
မိုးသားတွေစွေလွန်းသမျှ မိုးရေတွေအဖြစ်ပြောင်းလဲစေတယ်။မြစ်၊ချောင်း၊အင်း၊အိုင်တွေထဲ စီးဆင်းဝင်ရောက်ကုန်တယ်။
မိုးရေတွေဟာ ပါးပြင်ထက်တစ်စက်ချင်းဝင်ရောက်တဲ့အခါ ဝမ်းနည်းမူတွေက နှလုံးသားကနေ နူတ်ခမ်းတွေလှုပ်ခတ်တဲ့အထိ အသက်ရူသံတွေပြင်းလာတဲ့အထိ မျက်ဝန်းတွေပင်ပန်းစေဖို့ မျက်ရည်တွေဖြစ်စေတဲ့အထိ ဝမ်းနည်းစရာတွေပြည့်နှက်လာတယ်။
မိုးရေတွေထဲက မှိုင်းပြမူလေးတစ်ခုက ကျောခိုင်းလျက်လျှောက်လှမ်းနေတယ်။လက်လှမ်းလိုက်တိုင်းမှာ ဝေးကွာမူအတိုင်းအတာဟာ ကျယ်ပြန့်လာတယ်။
နူတ်ဖျားတွေလှုတ်ခတ်နေလို့ဖြစ်မယ် ခေါ်မရခဲ့ဘူး။ နက်မှောင်မှိုင်းပြမူလေး ဝေးကွာသွားလေ နာကျင်မူဟာပြင်းပြလာလေ။
နှလုံးသားတစ်ခုလုံးအမြစ်ကဆွဲထုတ်ခံရသလိုပဲ နာကျင်မူဝေဒနာဟာ အဆပေါင်းများစွာပဲ။
မိုးစက်တွေ လက်ဖမိုးပေါ်စိုစွတ်လာတဲ့ အခိုက်အတန့်တွေမှာ အသက်ရှူရပ်မတတ် ပြင်းထန်လာတဲ့ မိုးရေတွေကြား နှလုံးခုန်သံဟာ မိုးချိန်းသံအလား။
'မောင်'
အသံထွက်တယ်ဆိုရုံလောက်ပဲ လှုတ်ခတ်သွားတဲ့နာမ်စားလေး။
'မောင်'
လှည့်မကြည့်ဘူး လျှောက်မြဲတိုင်းလျှောက်နေခဲ့တယ်။
'မောင်'
ဆိတ်သုန်းနေတဲ့မောင့်အသံကို ကြားရရုံနဲ့သေပျော်ပြီ စိတ်ကမှတ်ယူခဲ့တဲ့အခိုက်အတန့်ပဲ။ ဒါပေမယ့်မောင့်အသံလေးမကြားရသလို မောင်လုံးဝလှည့်မကြည့်ခဲ့ဘူး။