မနက်ခင်းရောင်ကျင်းနေတဲ့ ပန်းရောင်နေ့ရက်လေးကို လူသားနုနုလေးဟာ ကုပ္မဏီကိုသွားရန်ပြင်ဆင်နေခဲ့တယ်....အနက်ရောင်suitကိုဝတ်ဆင်ကာဖြင့် အိမ်ပေါ်ထပ်ကာဆင်းလာတဲ့ခြေလှမ်းတိုင်းမှာ တက်ကြွနေတာ သိပ်သိသာလွန်းတယ်....လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာလည်း ပန်းပေါင်းစုံပွင့်သည့်နှယ် တင့်တယ်လွန်းတယ်...
"ပါးပါး၊မားမား.
.သားအလုပ်သွားတော့မယ်...""သား...မနက်စာလာစားဦးလေ..."
Jinအမေ့ကပြေလေတော့...အဖေကထောက်ခံရှာတယ်..."ဟုတ်သားပဲသားရယ်...မနက်စာလားစားဦး အချိန်လည်းရသေးတာကို..."
"ကောင်းပါပြီ...ပါးရယ်...သားကCEOဆိုတော့ အချိန်တိကျချင်လို့ပါ..."
"စောသေးတာပဲလေ...ရော့...သားအကြိုက်တွေပဲ မားလုပ်ထားတယ်....စားပြီးမှသွား..."
"ဟုတ်ကဲ့....မားလက်နဲ့ထိသမျှ အကုန်စားကောင်းနေတော့တာပဲနော်ပါး..."
"ဟုတ်တယ် သားအမေက နေရာတိုင်းမှာတော်တာ....ဟား..ဟား..."
"ရှင်နော်....ကလေးရှေ့မှာ..."ဆိုပြီး ပါးကိုဗိုက်ခေါက်လိမ်ဆွဲတဲ့မားကြောင့် မနက်ခင်းလေးဟာ ရယ်သံလေးတွေလွင့်ပျံကာ ပွဲကျခဲ့တဲ့ ကျွန်တော်တို့မိသားစုလေး.....
"ပါး...မား...သွားပြီး...မွ....မွ...."
ပါးနဲ့မားကို အလုပ်မသွားခင် အနမ်းနဲ့နူတ်ဆက်တာ နေ့စဥ်အလုပ်တွေကတစ်ခုအပါအဝင်...."ကားကိုဂရုစိုက်မောင်းနော်...မားကိုစိတ်ပူအောင်မလုပ်နဲ့..."
"ဟုတ်ကဲ့ပါ..."
"သား ကုပ္မဏီမှာအရေးကြီးကိစ္စရှိရင် ပါးနဲ့တိုင်ပင်နော် တစ်ယောက်ထဲဖြေရှင်းမနေနဲ့...."
သားကတကယ့်သားလိမ္မာပါ ဘွဲ့ရပြီးထဲက ပါးပင်ပန်းနေပြီ နားတော့ဟူဆိုကာ ဥက္ကဌရာထူးနဲ့ အိမ်ကသူ့အမေနားနေခိုင်းကာ နားပါလေတဲ့လေ....ပြသာနာဖြစ်လာရင်လည်း သူ့ဘာသာရအောင်ဖြေရှင်းနေကြ...သိပ်တော်တဲ့သားရတနာပါ...."ဘာပြသာနာမှမရှိပါဘူး....သားနိုင်ပါတယ်ပါးရယ်...သွားပြီနောက်ကျတော့မယ်...."
"ကောင်းကောင်းသွားဦး....သတိထားနော်...လမ်းကိုဂရုစိုက်မောင်း..."