ဘူဆန်မြို့ရဲ့ ညနေဆည်းဆာလေးနဲ့အတူ တောက်ပလွန်းတဲ့Jeonအိမ်တော်ထဲက လူသားလေးနှစ်ယောက်ရဲ့ ပထမဦးဆုံး ညနေစာလေး....
ပြည့်စုံတာထက်ပိုလွန်းတဲ့လူသားလေးကရှိနေတော့ အကြည့်မလွှဲနိုင်တဲ့BossJနဲ့ အစားအစာတွေချည်းပဲငုံစားနေတဲ့ အစားဘုရင်CEO Jinတို့ရဲ့ နှစ်ဦးနှစ်ယောက်ကိုယ်ပိုင်အချိန်လေး...
ခင်မင်ရင်းနှီးတဲ့အစပျိုးခြင်းမရှိပါဘဲ လက်ဆွဲလို့ခေါ်ရတဲ့အထိ သဝန်တိုခဲ့သူ...
မသိတဲ့သူကြောက်ပါတယ်ဆိုတဲ့သူက တက်တူးနဲ့လက်ပိုင်ရှင်ဆွဲရာ လိုက်ခဲ့သူ....
တစ်ယောက်ကတော့ လိုလိုချင်ချင်နဲ့ မြတ်နိုးခြင်းကိုပုံဖော်နေသော်လည်း နူးညံမူကိုမသိပါဘဲ တဇွတ်ထိုးလူသား....
တစ်ယောက်ကတော့ ကြောက်ပါတယ်လို့အမည်ခံနေတဲ့ တက်တူးလေးဟာ မသိစိတ်မှာချစ်ဖို့ကောင်းတယ်လို့ တိတ်တိတ်လေးဝန်ခံတဲ့လူသား...ဝမ်းနည်းရိပ်သန်းလာတဲ့မျက်လုံးဝိုင်းက မျက်ရည်တွေမစီးဆင်းစေဖို့ ပူပန်ခဲ့သေးတာ....ကြောက်တာကသူ့ရဲ့အရိပ်ဆိုးအသိစိတ်.....မျက်လုံးဝိုင်းလေးမနာကျင်ဖို့ နှစ်သိမ့်ပေးချင်တာ မသိစိတ်....
ဦးနှောက်နဲ့နှလုံးသားရဲ့ လွန်ဆွဲမူမှာနှလုံးသားကို အနိုင်ပေးဖို့ ပိုင်ရှင်ကသာအရေးကြီးဆုံးပဲမို့ ....ပိုင်ရှင်ရဲ့ဆုံးဖြတ်ချက်ကို နှလုံးသားနဲ့ဦးနှောက်ကနားထောင်ဖို့ရာ ယှဥ်ပြိုင်ရမယ်...."အဟွတ်....အဟွတ်...."
လူကိုစိုက်ကြည့်နေတာ စားတော့မလိုပဲစိုက်နေတဲ့မျက်လုံးဝိုင်းလေးကြောင့် မနေတတ်တော့ပဲ အစားတွေသီးပါလေရော...
"ရော့...ရေ...ရေသောက်လိုက်ဦး...ဖြေးဖြေးစားလေကွာ..."
ဟောဗျာ...စားနေရင်းသီးရောလား...ကျွန်တော်အလှလေးက..."မင်းလုပ်လို့လေ...မင်းကြောင့်သီးတာ.."ဆိုပြီး...နူတ်ခမ်းတထော်ထော်နဲ့ ကျွန်တော့်ကိုပြုစားလေတဲ့ လူသားလေး....
"ဘယ်လိုကိုယ့်ကြောင့်....ကိုယ်ဘာလုပ်လို့လဲ..."
"မင်းဘာလို့စိုက်ကြည့်နေလဲ...စားသောက်နေတာကို..."
သူမသိတဲ့ပုံစံနဲ့ မျက်လုံးလေးဝိုင်းပြန်တဲ့ တက်တူးပိုင်ရှင်လေး...