ခွမ်း........
အအေးခွက်လေး လေပေါ်ပျံဝဲသွားတဲ့အခါ ရည်ရွယ်ချက်ရှိရှိ ပစ်ပေါက်လိုက်ပေမယ့် တကယ်တမ်းထိခိုက်သွားတဲ့အခါ ရှဥ့်ပေါက်လေးတစ်ယောက်ပြာပြာယာယာရယ်...
"အား....သေပါပြီကွာ ရက်စက်လိုက် ကျွတ်..ကျွတ်..."
"ရ...ရ...ရရဲ့လား ဘာလို့မရှောင်တာလား .."
"မင်းလက်လေးနဲ့ပစ်မှတော့ ဘယ်ရှောင်ရက်ပါတော့မလဲကွာ..."
သေနတ်တွေကြားထဲရုန်းကန်နေတဲ့ကောင်ပါကွာ ခွက်သေးသေးလေးကို မူမနေပါဘူး..."ရူးပြန်ပြီ....လာ...ဒီမှာလာထိုင် ဆေးထည့်ပေးမယ်...."
"ဘာမှမဖြစ်ပါဘူးကွာ...ရတယ်..."
"ဘာကိုဘာမှမဖြစ်တာလဲ သွေးထွက်နေပြီလေ..."
"ရတယ်...ဒီလောက်ဒဏ်ရာကိုမမူပါဘူးကွာ..."
"မင်းပြောဆိုရ ခက်တာပဲ အခုလာထိုင်...."
သွေးထွက်နေတာတောင် ဘာမှမဖြစ်ဘူးတဲ့ သူကသံမဏိလူသားလား..."ဟုတ်..."
"ခဏနေဦး ရေနွေးဇလုံလေးသွားယူလိုက်မယ် ဒဏ်ရာဆေးဖို့...."
"အင်း..."
မရှောင်လိုက်တာမှန်သွားပြီကွာ ရေး...လှေကားပေါ်ကအကိုကြီးလည်း အသံကြားလို့အောက်ဆင်းလာတော့ သွေးထွက်နေတဲ့taehyungရယ် ဆေးသေတ္တာကိုင်ထားတဲ့ hobiကြောင့် အခြေအနေမဆိုးတော့မှန်းသိလိုက်တော့...
"မောင့်ဆီတောင်မရောက်သေးဘူး အောက်မှသွေးထွက်နေပြီ...ဟူး..."
မောင်တော့စိတ်ဆိုးနေလောက်ပြီ မဖြစ်ဘူး မြန်မြန်သွားမှအခန်းတံခါးလေးခေါက်မယ်လုပ်တော့
"မဖြစ်ဘူး တိတ်တိတ်လေးဝင်ပြီး ဖွဖွလေးချော့ရမယ်..."
တံခါးခေါက်မယ့်လက်ကိုရူတ်ပြီး ကျွီဆိုတဲ့အသံလေးမထွက်အောင် အသာလေးဖွင့်ပြီးဝင်တော့...
"ဟင် မောင်ဘယ်သွားတာလဲ ရေချိုးနေတာများလား.."
ရေချိုးခန်းဘက် ခြေသံမကြားအောင် လျှောက်လာတော့ရေချိုးခန်းတံခါးနား ခါးထောက်ပြီး အလုပ်ကိစ္စတွေညွှန်းကြားနေတာ သိပ်အသဲယားစရာကောင်းတာ အသက်ရွယ်နဲ့တောင်မလိုက်ဘူး အလုပ်နဲ့ပတ်သတ်ရင် သိပ်တည်ကြည်တာ...