ဘူဆန်မြို့ရဲ့နေလုံးကြီးဟာ တိမ်ကွန်းခိုလို့....လမင်းတောင်အရောင်လဲ့ချေပြီ.....
ခမ်းနားလှတဲ့jeonတော်ထက်က jeonသခင်လေးကတော့....ပဲ့ကြွေသွားမှာစိုးတယ်ထင်ပါတယ်....အိပ်နေတဲ့အမြတ်နိုးဆုံးလူသားကို မျက်တောင်တစ်ချက်မခတ်ပါပဲ ထိုင်ကြည့်နေလေရဲ့...
"မင်းကအရာအားလုံးထက် လှလွန်းတဲ့သဘာဝလိုပဲ အေးချမ်းလွန်းတယ်....မင်းလေးကို ကိုယ်ပြန်မလွှတ်ဘဲ သိမ်းထားလိုက်ရမလား...ဟင်..."
"ပြောပါဦး..သိပ်ပြုစားလွန်းတဲ့ ကဝေနတ်သားလေး"
ကိုယ်တိုင်တောင် မသိခဲ့တဲ့စာစီမူဟာ နှလုံးသားကသူ့အလိုလိုအန်ထွက်လာခဲ့တာ...အချစ်ဆိုတာ ဖွဲ့နွဲ့တင်စားရမယ်ဆိုလာရင် BossJကတော့ အိပ်ရာနတ်သားလေးကို လက်ညိုးထိုးကာ အချစ်ဆိုတာသူနဲ့စတာလို့ ဖွဲ့နွဲ့ပြလိမ့်မယ်....
"အင်း.....ဟင့်..."
အိပ်ရာပေါ်က တလှုပ်လှုပ်နဲ့ အပြင်းကျောဆန့်လို့ထလာတဲ့ ကျွန်တော့်အလှတရားလေး ..မျက်လုံးလေးတွေပွတ်သတ်ရင်း တဝါးဝါးလည်းသန်းနေသေးတာ....ခင်များတို့မြင်ရင်ရူးသွားလိမ့်မယ်...ကျွန်တော်ကရူးပြီးသားမို့ ပြောစရာမလို့တော့....
"နိုးပြီလား..."
လန့်သွားတယ် ထင်ပါရဲ့...."အမယ်လေး..."
ရှက်လိုက်တာ အိပ်ရာထတဲ့ပုံဆိုးပန်းဆိုးတွေ မြင်ကုန်ပြီ"ငါအိပ်ပျော်သွားတာလား....ဘယ်လိုလုပ်ခုတင်ပေါ်ရောက်နေတာလဲ...."
ငါဆိုဖာပေါ်မှာငိုက်နေတာပါ....ဘယ်လိုလုပ်ဒီပေါ်ရောက်နေတာလဲ...."ကိုယ်ခေါ်လာတာ...မင်းဆိုဖာမှာအိပ်ရင် ကျောနာမှာစိုးလို့..."
မင်းကို ကိုယ်ကလွဲရင် ဘာနဲ့မှအထိခိုက်မခံနိုင်ဘူး..."မင်း..."ဆိုပြီး..စောင်ကြီးအတင်းစွဲကာ ရင်ဘတ်ထိဆွဲခြုံလိုက်တဲ့သူလေးကြောင့်...
"အဟက်....မင်းအတွေးတွေမရိုးရှင်းဘူးပဲ...."
မင်းလေးက ဆန္ဒစောလိုက်တာ....ကိုယ်မင်းကိုမထိရက်ပါဘူးကွာ...."ငါဘာမှမတွေးဘူး.."
လန့်သွားတာပေါ့...တစ်ကိုယ်လုံးစစ်ဆေးကြည့်တော့ အရင်တိုင်းပဲ ...သူဘာမှမလုပ်ပါဘူး...ငါကဘာကိုကြောက်နေတာလဲ အရူးလိုပဲ....
