တိတ်ဆိတ်လှတဲ့ပတ်ဝန်းကျင်ဟာ အလင်းဆိုတာ ဘယ်ဆီဘယ်ဝယ်လျှောက်လှမ်းရမှန်းမသိတဲ့အမှောင်ထုထဲမှာ....
ဘယ်သူရှိနေလဲ ဘာတွေလုပ်နေမလဲ မမြင်ရဘူး မကြားရဘူး...တိတ်ဆိတ်မူအတိနဲ့ အမှောင်ထဲ လွင့်မျောနေတဲ့ လိပ်ပြာငယ်ဟာ အဖြေရှာဖို့ရာ ခက်ခဲနေတဲ့အချိန်.....
အလင်းလေးဟာ မှိန်ပြပြနဲ့အဝေးတစ်နေရာဆီကနေ လှမ်းမြင်ရတော့ ဝမ်းသာသွားပြီး လျှောက်သွားတဲ့အခါ ပိုမှောင်လာသလို ပိုပြီးလည်းတိတ်ဆိတ်လာတယ်...အသက်ရူသံတောင် ပြန်ကြားနေရသလိုပဲ....
နားထဲမှာ လေဝှေ့သွားလို့လွင့်သွားတဲ့ လိုက်ကာစလေးတွေရဲ့ ယိမ်းနွဲ့သံလေးဟာ နားထဲမှာ ရှင်းရှင်းလင်းလင်း...သို့ပေမယ့် ဘာမှမမြင်ရဘဲ အရာအားလုံးဟာ အမှောင်ထဲလမ်းပျောက်နေတဲ့ မျက်မမြင်လိုပဲ....စမ်းတဝါးဝါးရယ်.....
အလင်းပြပြလေးဟာ တဖြည်းနဲ့နီးကပ်လာတာနဲ့အမျှ မြင်ကွင်းဟာ ဝိုးတိုးဝါးတားနဲ့မြင်လာရပြန်ရော....အမှောင်ကိုခွင်းလာတဲ့ လူသားတစ်ဦး...လက်ထဲမှာဓားတစ်လက်နဲ့....ဓားမှာလည်းသွေးတွေဟာ စီးကျနေတာ ထိုးစိုက်ပြီးပြန်နူတ်ထားတဲ့....အသားစားဓားတစ်ချောင်းပမာ....
သူ့ရဲ့မျက်လုံးတွေဟာလည်း နီရဲပြီးကြောက်စရာအပြုံးတစ်ခုကို ပန်ဆင်ထားတာ ကြက်သီးထဖွယ်ရာ.....သွေးတွေရာ စီးလမ်းကြောင်းအတိုင်းစီးဆင်းလာခဲ့တာ...လိပ်ပြာငယ်ရဲ့ခြေထောက်အစုံကို ဖြတ်ကျော်သွားပြီးတော့....လိပ်ပြာငယ်ဟာလန့်သွားပြီး ဓားကိုင်ထားတဲ့လူငယ်ရဲ့အနောက်ကို လှမ်းကြည့်လိုက်တဲ့အခါ....သွေးပုံနစ်နေတဲ့ ခန္ဓာကိုယ်နှစ်ခု...
လိပ်ပြာငယ် သွေးပျက်ဖွယ်ရာမြင်ကွင်းကြောင့်....သွေးတွေကိုတောင် သတိမထားမိဘဲ ပုံလျက်သားလေး ထိုင်ချမိတဲ့အထိ လန့်သွားခဲ့တယ်.....
ပြန်မထနိုင်တော့ဘဲ တရွေ့ရွေ့နဲ့ သွေးတွေနဲ့ကြည့်ရက်စရာမရှိတဲ့ ခန္ဓာကိုယ်နှစ်ခုနားသွားခဲ့တော့တယ်....ရောက်သွားတာနဲ့ထိုခန္ဓာကိုယ်နှစ်ခုကို ပွေ့ဖက်ထားပြီး နာနာကျင်ကျင်အော်ငိုပြန်တယ်....
လိပ်ပြာငယ်ဟာ အတောင်ကျိုးလိပ်ပြာလေးသက်သက်မဟုတ်ဘူး...နှလုံးသားပါနာကျင်ရတဲ့ အဖြစ်ကိုလိပ်ပြာငယ်တောင် မသိသေးပါဘူး....