^14^

860 88 3
                                    

ရုတ်ချည်းပြောင်းလဲသွားတဲ့ ကံကြံမ္မာဟာ Kimမိသားစုအပေါ် ရက်ရက်စက်စက်....

အပြစ်တင်ဖို့ရာ တရားခံဟာကျေးဇူးရှင်ဖခင်မို့ ဘယ်ပြောရက်ပါ့မလဲ မိသားစုကြောင့်ဆိုတာ Jinကအသိဆုံးပဲလေ....

ရက်စက်လိုက်တာ လုပ်ရက်လိုက်တာဆိုတဲ့စိတ်ကြောင့် မိခင်ဖြစ်သူဟာ အိပ်ရာပေါ်ဗုန်းဗုန်းလဲလို့ပေါ့ ဘယ်တတ်နိုင်ပါ့မလဲ....ဖြစ်ခဲ့ပြီးပြီလေ....

ရွှေပေါ့မြတင်သလို ရွှေဇွန်းကိုက်ကာ ပိုးဥလေးလို့ကနေ အတောင်လှလှလေးတွေ စုံတဲ့အထိ လှလှပပလေးဖြတ်သန်းလာခဲ့တယ်လေ...အခုဖြစအရပ်ကြောင့် လိပ်ပြာဖြူလေးဟာ အတောင်တောင်လှလှလေး ကျိုးခဲ့ပြီ....လိပ်ပြာနတ်သာလေး အတောင်လေးတွေနာနေသော်လည် အားတင်းကာအတောင်ဖြန့်ရမှာ မလွဲသေချာပဲလေ.....

မိခင်ဟာအိပ်ရာပေါ်မှာ ဖခင်ဟာတန်းတိုင်တွေကြား ဘဝခါးခဲ့သည်မဟုတ်လား....နာနေလျက်တောင် အတောင်လေးတွေလှုပ်ဖို့ သုကလွဲပြီးအခြားမှမရှိဘဲကို......

လက်ရှိအခြေအနေအရ မိခင်ကိုဆေးကုသဖို့နိုင်အနိုင်နိုင်.....ဖခင်အတွက်ရှေ့နေငှားပေးဖို့ရာ ဘယ်နည်းနဲ့မှမစွမ်းသာ....အရာအားလုံးဟာအဖက်ပင်ဆယ်မရလောက်အောင် တောင်ကိုရီးယားမှာ Kimမိသားစုဟာ သူများတံတွေးခွက် ပက်လက်မျောခဲ့ရပြီ....

အကြောင်းရယ်လို့ တိကျစွာမသိသေးတဲ့Jinတစ်ယောက် ဘယ်ကစဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အဖြေထွက်နိုင်ခဲ့.....

ဝရံတာမှာငေးမောနေတဲ့CEOဟာ ဒီရောက်ထဲက မှိုင်မှိုင်တွေတွေနဲ့....အရင်လိုတက်ကြွပြီး ယုံကြည်မူလက်ကိုင်ထားတဲ့ ကမ္ဘာအချောဆုံးလို့တဖွဖွပြောဖူးတဲ့CEOကို အရိပ်အယောင်လေးတောင် မမြင်ရတာကြာပေါ့....တက်ကြွမူလေးတစ်ခုတောင် မမြင်ရတော့ဘူး...အပြုံးရယ်လို့မတွေ့ရတာကြာပေါ့....မျက်တွင်းကျကာ အနည်းချောင်သွားတယ်ထင်ရတယ်.....ဟူး...ဖြစ်ရတလေတယ်......

"CEO...အဆင်ပြေရဲ့လား..."

အတွေးများနေတဲ့Jinတစ်ယောက် အရင်ကသူ့အတွင်းရေးမှူး လက်ရှိမှာတော့ သူရဲ့ကျေးဇူးရှင်ပေါ့...

"ပြေပါတယ်Hobiရယ်...CEOလို့သုံးနူန်းမနေပါနဲ့ အရင်ကလိုမဟုတ်တော့ဘူလေ ပုံမှန်တိုင်းပဲခေါ်ပါ....

မောင့်အရိပ်Where stories live. Discover now