နေဝင်ဆည်းဆာလေး ပုဇွန်ဆီရောင်လေးဟာ နက်ဆွေးပြီး ကြီးမားခမ်းနားလွန်းတဲ့ Jeonအိမ်တော်ကြီးဟာ မှင်သက်စရာ...
Jeonအိမ်တော်ဟာ ထင်ထားသည့်ထက် ကွဲပြားစွာပို၍ခမ်းနားနေခဲ့တာ နန်းတော်ကြီးအလား....
ခြံတံခါးဝကနေ ကားရပ်တဲ့ဆင်ဝင်အောက်ထိ ရှည်လျားတဲ့လျှောက်လမ်းဟာ နန်းတော်ပတ်လမ်းသဖွယ်....
ဆင်ဝင်အောက်ထိုးရပ်သွားတဲ့ သန်းချီတန်နက်ဆွေးလှတဲ့ ကားကြီးပေါ်က အိမ်ကြီးရှင်ကလည်း အိမ်တော်ကြီးရဲ့ရှင်ဘုရင်မို့ အရှိန်အဝါတွေ လင်းလင်းလက်လက်....
ကားပေါ်ဆင်းတာနဲ့ ကားတံခါးဖွင့်ပေးတဲ့သူ အထုပ်သယ်ပေးတဲ့သူ ဖိနပ်လဲပေးတဲ့သူ အိမ်ကြီးထဲမှာအလုပ်သမားတွေဟာ သူ့နေရာသူ့တာဝန်နဲ့အတူ များပြားစွာ....
ဧည့်ခန်းထဲခြေချလိုက်တာနဲ့ နင်းရက်စရာမရှိအောင် ပြောင်းဝင်းပြီးတောက်ပနေတဲ့ အနက်ရောင်ကြွေပြားတွေဟာ နေဝင်ချိန်ရဲ့ အမှောင်ထုလေးလို သက်ဝင်တောက်ပနေတာ...
ဧည့်ခန်းမတစ်ခုလုံးမှာ နံရံမှာရှိတဲ့ အနားဘောင်ရွေရောင်နဲ့ဓာတ်ပုံကြီးဟာ မျက်စီမခွာနိုင်အောင် ထည်ဝါလွန်းတယ်...
ဓာတ်ပုံထဲက အမျိုးသားကြီးရဲ့ ဥပဓိရုပ်ဟာ ခန့်ညားလွန်းပြီး တစ်ယောက်သူနဲ့ချွတ်ပြီးစွပ်ထားသလို သူ့ဘေးကအမျိုးသမီးကြီးကလည်း ချောလွန်းတာမှ ပန်းကလေးပွင့်လန်းနေသလိုပဲ လှရက်လွန်းတယ်....
တော်တော်ကြာတဲ့ထိ ငေးမောမိတာအနားကို မည်သူမည်ဝါရောက်နေမှန်းတောင် မသိတဲ့အဖြစ်...
ပုံခုံးပေါ်ရောက်လာတဲ့လက်ရယ်နဲ့ အသံကြောင့် ဗြောင်းဆန်သွားတဲ့ ရင်အစုံဟာသူမကြားစေဖို့ မျှော်လင့်မိတယ်...
"ကိုယ့်အဖေနဲ့အမေလေ...ကိုယ်16နှစ်သားအရွယ်မှာတုန်းက လုပ်ကြံခံရပြီးဆုံးသွားခဲ့တာ...."
ကျွန်တော်တကယ်အံ့သြမိသွားတာ....
"လုပ်ကြံခံရတာ..!!!!"
အံ့သြလို့ထွက်လာတဲ့ အာမေဍိတ်အသံလေးနဲ့အတူ အဖြူရောင်လူသားလေးက ပြုစားပြန်ပြီ....