ဘူဆန်မြို့ရဲ့ ညမီးရောင်လမ်းဘေးဓာတ်တိုင်လေးနားက အငွေ့တထောင်းထောင်းထနေတဲ့ တော့ပိုကီဆိုင်လေးကို တောက်ပစေတဲ့ရှိန်အဝါပေးနေသော ရွှေပုံပေါ်ထိုင်ကာကြီးပြင်းလာတဲ့ မိုးကျရွှေကိုယ်လူသားလေးနှစ်ယောက်ကြောင့် ဆိုင်လေးကပိုပြီးလင်းထင်းနေသယောင်.....
ဆိုင်ရှင်အဒေါ်ကြီးက
"ရပါပြီသားတို့....""ကျေးဇူးပါ....မင်းမစားဘူးလား..."တဲ့မေးသာမေးနေတာ....မျက်လုံးကပန်းကန်ထဲပြုတ်ကျမတတ်ဘဲ....
"ကိုယ်တစ်ခါမှမစားဖူးဘူး..."
အပေါင်းအသင်းလဲမရှိသလို....မိသားစုလည်းမရှိတာမို့...အပြင်ထွက်လည်တာမျိုးမရှိဘူး....သူလေးနဲ့မှပထမဆုံးလမ်းဘေးဆိုင်ထိုင်ဖူးတာ...."ဟမ်...တကယ်လား...ရော့....အာ..."ဆိုပြီး...ကျွန်တော့်ကိုခွံကျွေးလာတဲ့ လက်လေးတစ်စုံကို ပိုင်ဆိုင်ချင်ကြောင်း ရင်ထဲမှာအကြိမ်တစ်ရာမက ကျွေးကျော်ပြီးပြီ....
"ကိုယ်...."
စကားတောင်မဆုံးသေးဘူး ပါးစပ်ထဲရောက်လာတဲ့ တော့ပိုကီ....အရသာကသူလေးကျွေးလို့များလား....ချိုမြိန်နေသလို...[A\N-ရှင်ပဲချိုနေ...ကျွန်မတော့စပ်သလားလို့နော်😏]
"ကောင်းတယ်မို့လား..."
"အင်း...မဆိုးဘူး..."
သူကျွေးတဲ့တစ်ခုပဲကျွန်တော်စားလိုက်တယ် ကျွန်တော်စားနေကြမဟုတ်တော့ အဆင်မပြေတာမို့ဆက်မစားပဲ....သူစားတာပဲထိုင်ကြည့်နေတော့တယ်.....တူတစ်ချောင်းနဲ့အလုပ်ရူတ်နေတဲ့ သွယ်လျလျလက်ချောင်လေးတွေက CEOတစ်ယောက်မို့လားမပြောတတ် နုဖက်နေတာများသွေးကြောစိမ်းလေတွေက ဝန်းရံလို့....နှင်းဆီဖူးနူတ်ခမ်းလေကလည်း တစ်ခုခုပြီးစားနေတာ အသဲယားစရာ...ဝါးလိုက်တိုင်းဖောင်းလာတဲ့ပါးလေးတွေက ကိုယ့်ကိုကျီစယ်နေသလို.....ဟူး....စိတ်တွေသာလွှတ်လိုက်ရင်ဆိုတဲ့အတွေးက သဲသောင်ပြင်လက်ပစ်ကူးရသလို ပူစပ်ပူလောင်.....
"မင်းအဆင်မပြေဘူးလား....ချွေးတွေထွက်နေတယ်..."
စားနေကိုယ်ကဘာမှမဖြစပ်ပါဘဲ သူ့နုဖူးထက်မှာချွေးစီးကြောင်းလေးနဲ့....