နေ့နဲ့ညတွေ ကူးပြောင်းလာလေ ပန်းတွေပွင့်ဖူးပြီး လှပလာလေ အရောင်တွေအချိန်တွေသာ ပြောင်းလဲသွားတယ်....
မောင့်မချစ်တွေက မပြောင်းလဲခဲ့ဘူး....
စက္ကန့်ခြားသွားတိုင်းမှာ အချစ်တွေတစ်ဆတစ်ဆပိုတိုးပြီးပဲ မောင်ချစ်ပေးခဲ့တယ်...
ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် မောင်ထားတယ်...ကိုယ်မျက်နှာလေးညိုးတာနဲ့ မောင်ဟာမျောက်မီးခဲကိုင်သလို ဖြစ်နေတတ်တယ်...
မောင်တကယ်ကို ချစ်ပေးနိုင်တဲ့သူပါ...အကျွင်းမဲ့အနာအဆာမရှိ ဟာကွက်မရှိချစ်ပေးတယ်...
လက်ညိုးညွှန်ရာရေဖြစ်တဲ့ မင်းတစ်ပါးပိုင်ထားသလိုပဲ ကိုယ့်နှလုံးသားထဲ အချစ်တတ်ဆုံး နတ်ဘုရားဟာ အနက်ရှိုင်းဆုံးနေရာထိ ရောက်ရှိနေပြီ မောင်....
"မောင့်...."
"ဗျာ....ပြောပါ့မောင့်သဲတုံး..."
"မနက်ဖြန် ပါးနဲ့မားရဲ့ နှစ်ပတ်လည်လေ အဲ့ဒါကြောင့်..."
"အဲ့တော့..."
"လိုတာလေးတွေ သွားဝယ်မလို့ Hobiကုမခေါ်ထားတယ် ခဏနေရင်ရောက်လိမ့်မယ်..."
"hyungကိုယ်တိုင် မသွားနဲ့လေ taehyungနဲ့လွှတ်လိုက်လေကွာ...."
"မောင်ကလည်း ကိုယ်တိုင်ဝယ်မှစုံမှာပေါ့..."
"စာရင်းလုပ်ထားလိုက်လေ ဝယ်ရမယ့်ဟာတွေကို hyungကမောင့်နားမှာနေပါဦးကွာ..."
"မောင်ကလည်း ကိုယ်တိုင်းဝယ်မှ စိတ်တိုင်းကျရမှာလေကွာ..."
"စိတ်တိုင်းကျဝယ်မယ့်ဟာတွေ စာရင်းလုပ်ထားပြီး ဝယ်ခိုင်းလေကွာ...မောင့်နားလေးလည်း ကပ်ပါဦးကွာ...."
"မောင်ကမအားတာလေ ကိုယ်တစ်နေကုန်အိမ်မှာပဲကို...."
"မောင်မအားလို့ အားတဲ့နေ့လေး မောင့်နားမှာနေကွာ...နော်....နော်လို့....မောင့်ကိုမချစ်ဘူးလာ!!!!....."
တွေ့လားကိုယ့်အပေါ်ဆို သိပ်ဆိုးတာပဲမောင် မချစ်ဘူးလားဆိုပြီး အော်မေးနေပြန်ပြီ ကလေးလိုမျိုး.....
မောင်ကကြာလေ ညို့နိုင်လေပဲ....ညို့ငင်အားပြင်းလွန်းတဲ့ မြွေဆိုးလေးလိုပဲ သူရဲ့အဆွယ်အားလုံးချိုးပြီးတော့ကို ကိုယ့်အပေါ်ညို့နိုင်လွန်းတာ....
