ဇာပနအခမ်းအနားဟာ ကံဆိုးစွာ နှစ်ယောက်လုံးတစ်နေ့ထဲ ကျင်းပပေးရတာပဲ....
ခန်းမတစ်ခုလုံးမှာ အနက်ရောင်ဝတ်စုံနဲ့ လူတွေဟာ ဟိုတစ်စုဒီတစ်စု....ကန့်တော့တဲ့သူကန်တော့...ထွက်တဲ့သူကထွက် ဝင်တဲ့သူဝင်နဲ့ ဖွဲဖွဲလှုပ်ပေါ့...
တစ်လောကလုံး လှုတ်ခတ်နေရင်တောင် မည်သည်ကိုမှအာရုံထဲမရှိဘဲ တိတ်တိတ်လေးတစ်ယောက်ထဲအထီးကျန်စွာ....ဇာပနအခမ်းအနားရဲ့ ဓာတ်ပုံတွေနားက လိပ်ပြာဖြူလေးဟာ ငြိမ်သက်စွာ.....
မျက်ရည်လား ခန်းပြီထင်ပါရဲ့...ဒေါသလားဘယ်နားလိုက်ရှာရပါ့မလဲ....လောဘလား အစထဲကမရှိသူမို့ အေးချမ်းတယ်ထင်ရော့လား..
.မဟုတ်ဘူး သူဟာဖော်မပြတတ်ခဲ့တာ....ဖွင့်ထုတ်ပြဖို့လည်း သူမကြိုးစားခဲ့ဖူး....လက်ရှိမိဘနှစ်ပါးလုံးရဲ့ ဇာပနအခမ်းအနားမှာတောင် ငြိမ်သက်မူအပြည့်နဲ့ လောကကိုသူမျက်ကွယ်ပြုခဲ့လိုက်ပြီ....အတောင်လေးတွေ နာနေယုံပဲလို့ ဘယ်သူပြောလဲ..အခုတော့တကယ်ကျိုးခဲ့ပြီ.....
Hobiရဲ့ခေါ်သံတစ်ခုကို သူဖြေဖို့ရာ အင်အားမလုံလောက်တော့ဘူး......
"Hyung ...."
ခေါ်သံလွင့်လွင့်လေးတောင် သူနားထောင်ဖို့ အဆင်မပြေတဲ့ပုံပါပဲ ဖြေခြင်းမရှိဘူး...အမူအရာလေးတောင် သူမပြနိုင်တော့ဘူး သူသိပ်ပင်ပန်းနေပြီ...
လိပ်ပြာဖြူလေး သိပ်ပင်ပန်းနေခဲ့ပါပြီ......
"Jin Hyung...."
စကားနဲ့မဖြေပါဘဲ ကြည့်တယ်ဆိုရုံလေး စောင်းငဲ့လာတဲ့ လိပ်ပြာလေးဟာ မျက်ရည်တောင် တစ်စက်မကျတော့ဘူး....မကျတော့တာမဟုတ်ပြန်ဘူး....မျက်ရည်ကျဖို့တောင် သူအင်အားမရှိတော့တာ.......
"Hyung အဆင်ပြေရဲ့လား....နားချင်နေလား...."
ကျွန်တော့်မေးခွန်းတိုင်းကို ဒီတစ်ခါတော့ဖြင့် ခေါင်းညိတ်ခေါင်းခါနဲ့ သူအဆင်ပြေကြောင်းတော့အဖြေပေးနေတယ်..အသက်တော့မပါဘူးပေါ့....လှုတ်ယုံလောက်သာလှုတ်နေခဲ့တာ...သူ့နေရာကိုယ်စားဝင်ပေးဖို့ သိပ်ကြောက်မိတယ်....ကိုယ်သာဆိုလဲပြိုနေလောက်ပြီး...ရူးသွားမှာသေချာတယ်.....သူကတော့တင်းခံနေတုန်းပဲ...သူပြိုလဲသွားတယ်ဆိုရင် သေချာတယ်သူတင်းခံဖို့တောင် အားမရှိတော့လို့ပဲ....
