မနက်ခင်းရဲ့အလင်းရောင်နဲ့အတူ လေသင်းသင်းလေးဟာ ပြတင်းပေါက်ကတဆင့်ဝင်ရောက်လာပြီး....နတ်သားငယ်ရဲ့ပါးပြင်လေးပေါ်ဖြတ်ပြေးလေတော့....နတ်သားငယ်ဟာလှုတ်လှုတ်ခတ်ခတ်ပေါ့....နေရောင်နဲ့အပြိုင်လှနေတဲ့ ပန်းနုရောင်လေးနိုးလာလေတော့....
"ဟွား...အိပ်မက်မက်နေတာလား...လေပြေတိုက်သွားတာကို....ဟိ...သူနမ်းသွားတယ်အိပ်မက်ထဲမှာ....အာ....အရူးလိုပဲ...ရေချိုးတော့မယ်...."
ကျွန်တော်ညကအိပ်မက်ထဲမှာ သူ့ကိုမက်တယ် မနက်လင်းခါနီးထိသူနဲ့ပျော်နေတုန်း..
သူကဖွဖွလေးနုဖူးကိုနမ်းသွားသေးတာ...အပြင်မှာကျ..ပါးပေါ့လေပြေလေးဖြတ်ပြေးသွားခဲ့တာကို....ရေမိုးချိုးပြီး....ထွက်လာတော့...ကုတင်ပေါ်မှာ suitအဆင်သင့်....ဖိနပ်အဆင်သင့်နဲ့ လိုတရနေသလိုပဲ....
"ဝိုး...Brandပဲ...ဟမ်...ငါ့ဆိုဒ်ကိုသိနေတာလား..."
သူပြင်ဆင်ပေးထားမှန်းကျွန်တော်သိတယ်...ဒါပေမယ့်....အားလုံးစိတ်ဝင်စားစရာကောင်းလောက်အောင်ကို ကွက်တိကျနေတယ်...ခါးဆိုဒ်လည်းအတိ....အင်္ကျီလည်း...ဝတ်နေကျအတိုင်းပဲ...ဘူဆန်ကသူ့အိမ်မှာလို့ မထင်ရဘူး...ကိုယ့်အိမ်ကိုယ့်ရောက်နေသလိုပဲ...."တကယ်....သူ့ငါ့အကြောင်းတွေ အားလုံးသိနေတာလား...."
ဖိနပ်ဆိုဒ်လည်းမှန်နေတယ်...နောက်ပြီးကျွန်တော်သုံးနေကျ ဆာကူရာအနံသင်းသင်းလေးနဲ့ရေမွှေး....တဆိပ်ကအစအားလုံးတူနေတာ...အရာအားလုံးကျွန်တော်စိတ်တိုင်းကျပြင်ပေးထားတာ ကျေနပ်စရာပဲ....အောက်ထပ်ကဧည့်ခန်း ခြေချိတ်ထိုင်ကာ အရှိန်အဝါအပြည့်နဲ့BossJ...အနက်ရောင်ကိုဝတ်ဆင်ကာ လောကကြီးကိုမှောင်မိုက်နေနိုင်တဲ့သူ...
"Mornign Jeon....."ဆိုတဲ့အသံလေး ပထမဆုံးအမည်နာမလေးတပ်ပြီးခေါ်တော့ Jeonဆိုမျိုးရိုးနာမည်နဲ့အတူ ကျွန်တော့်ကိုနူတ်ဆက်လာတဲ့ ပန်းရောင်လူသားလေး..
သူအိပ်နေတုန်း...သူဝတ်ဖို့သူစီးဖို့တွေ ကိုယ်တိုင်ကိုယ်ကျသွားပေးတော့...သူလေးကအိပ်နေတုန်းမို့....ပစ္စည်းတွေထားခဲ့ပြီးပြန်ဖို့လုပ်တော့...သူ့မျက်နှာနုနုပေါ်နေရောင်လေးဖြာကျလာတော့ မြတ်နိုးလွန်းလို့ တစိမ့်စိမ့်ကြည့်မိခဲ့တယ်....နောက်ထပ်တစ်ကြိမ် သူမသိအောင် တိတ်တိတ်လေးခိုးနမ်းခဲ့သေးတယ်...ချစ်လွန်းလို့ရူးသွားနိုင်အောင် ဒီအလှလေးကျွန်တော့်ကိုပြုစားနေတာ....ခိုးနမ်းရင်လှုပ်လာလို့....အမြန်ထွက်ပြေးခဲ့ရသေးတာ mafia jရဲ့အဖြစ်ကိုအပြင်လူသိရင် လှောင်ရယ်တော့မှာပဲ.....မင်းကြောင့်ပဲချစ်ရသူ