ဆရာဝန်တွေရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အခိုက်အတန့်တစ်ခု။
ကုတင်ပေါ်က လက်သွယ်သွယ်လေး တစ်ဖက်ကို ဆုတ်ကိုင်ရင်းမလှုပ်မယှက် အချိန်အားလုံး ရပ်တန့်စေသူဟာ ဖြူဖျော့ဖျော့မျက်နှာလေးမှလွဲ၍ မည်သည့်အရာကိုမှ မျက်လုံးထဲတိုးဝင်မနေခဲ့ပါ။
လောကကြီးရဲ့ လောဘ၊မောဟ၊ဒေါသတွေကို ချုပ်ငြိမ်းစေချင်တယ်။အစပျိုးသူတွေမှားခဲ့တဲ့ ဇာတ်လမ်းမှာ အဆုံသတ်သုနှစ်ဦးဟာ ညီတူညီမျှ နာကျင်ကြေကွဲရတာ မလှပတဲ့ဇာတ်သိမ်းပမာ။
ဆရာဝန်တွေပြောသမျှဟာ နားထဲမတိုးခဲ့ပါ။ အတွေးပေါင်းစွာ ကူးလူးဖြတ်သန်းနေတဲ့ နှလုံးသားဟာ ဒဏ်ရာဒဏ်ချက်မြောက်များစွာမို့ ထုံထေးသွားသည်ထင်ရဲ့။ တစ်စက္ကန့်တောင်မျှ သူမျက်တောင်တစ်ချက်မခတ်နိုင်ခဲ့ပါ။
ဆုံရူံးရမည့်အရေး တွေးမိရုံတင် ကမ္ဘာပျက်မတက် ရှင်လျက်သေသလို နာကျင်ခဲ့ရတယ်။တကယ်တမ်းများ သေကွဲကွဲကွာရသည်ရှိသော် သူလိုက်ပါကာ နှစ်ယောက်တူတူ ယှဉ်တွဲကာ သွားမည်ဟု တစ်ထစ်ချဆုံးဖြတ်နေရင်း ဆုတ်ကိုင်ထားတဲ့ လက်တစ်ဖက်ဟာ ရုတ်ချည်းလွတ်ထွက်သွားခဲ့တာ အသက်ရူပင်ရပ်တန့်သွားသယောင်။
'ဘာလုပ်ကြတာလဲ' ဟုဆိုကာ လွတ်သွ။ူတဲ့လက်ကလေးအား ပြန်ဆွဲထားရင်း အသံမြှင့်၍ အော်လေတော့ လှုပ်လှုပ်ရှားရှားလူတိုင်းဟာ ကြက်သေသေကြကုန်တယ်။
'Boss အရေးပေါ်ခွဲစိပ်ခန်းဝင်ရမှာမို့ လွှတ်ပေးလိုက်ပါ။'
'ဟမ် '
အံ့ဩသွားတဲ့ မျက်နှာငယ်ဟာ ဖြူဖျော့ကာ သေးသယောင်။ မျက်လုံးတွေဝိုင်းလို့ ရစ်သိုင်းလာတဲ့ အရည်လဲ့လဲ့တို့ကို မသိကျိုးကျွန်ပြုကာ သူပြိုလဲရပြန်တယ်။
လက်ကလေးလွတ်သွားလေတော့ အရုပ်ကျိုးပြတ် နာရကောင်းမှန်းမသိလောက်အောင် နာနာကျင်ကျင်ထမိသည့်အထိ သူဟာသည်းထန်စွာ။
'jungkook ah သတိထားပါဦးကွာ '
Yoongiခင်မျာ ရင်ခွင်ထဲထည့်ဖက်ထားလျက် ငိုပြန်လေတယ်။ သူ့ညီလေးတွေ နာကျင်နေတာ သူမကြည့်ရက်နိုင်ပါ။ သူအသည်းမမာနိုင်ပါ။ ဝေဒနာတွေအား ယူလိုရရင် လွှဲပြောင်းချင်ပါတယ် ။
