final

929 38 1
                                    

လေညှင်းညှင်း မြေနံသင်းသင်းနဲ့မြက်ခင်းစိမ်းပြင်ကြီးက လွမ်းမောဖွယ်ရာမြင်ကွင်းတချို့ ပြေးယှက်စွာ။

မှိုင်းပြမူတွေဟာ လင်းလက်သယောင်ယောင်နဲ့ တောက်ပနေတာမျိုး။ညအလင်းရောင်ကိုထိန်ညီးစေတဲ့ မီးလုံးများက လသာညရဲ့ပိုးစုန်းကြူးပမာ။

ပုံမုန်ဆိုအပြင်လူဝင်ထွက်ခွင့်မရှိတဲ့ ထိုနေရာမှာ များပြားတဲ့လူတစ်စုနဲ့ တိတ်ဆိတ်ခြင်းမရှိတဲ့ သီချင်းသံတချို့ကလည်း လွင့်ပြယ်စွာနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း။

အေးဆေးတည်ငြိမ်လှတဲ့ ဒီအိမ်ကြီးဟာ ပြုံးရယ်သံတွေလွှမ်းမိုးနေခဲ့တာ မယုံကြည်နိုင်စွာ။ အိမ်ဆိုတာရယ်သံငိုသံနဲ့မှ အသက်ဝင်မှာပေါ့။ တိတ်ဆိတ်နေတာအိမ်မှမဟုတ်ဘဲ။

အနက်ရောင်ဝတ်စုံပြည့်ကို ဆင်မြန်းကာပုံမှန်နဲ့ကွဲလွဲစွာ ပြံးမြမြမျက်နှာလေးတွေနဲ့ သူတို့။ လေးထောင့်ဆန်လှတဲ့အပြုံးချိုချိုလေးနဲ့ အမျိုးသားငယ်ဟာလည်း အသက်ဝင်လှုပ်ရှားလှတဲ့ ချစ်စရာကျားပေါက်ပမာ။

သုံးလလောက်ကွာဟမူမှာ အမြဲလိုသန်မာတည်ငြိမ်မူကိုပြသတဲ့ သူ့မှာအပြုံးလှလှလေးတွေရှိလာပြန်တော့လည်း ချစ်စရာကြောင်ပေါက်အလား။

ဘယ်ချိန်ကြည့်ကြည့် အကောင်းဘက်ကတွေးပေးပြီး နားလည်ပေးနိုင်ဆုံးလေးဟာလည်း နေဘက်လှည်ကပွင့်တဲ့ နေကြာလိုတောက်ပရဲတင်းတဲ့ အပြုံးတစ်ပွင့်ပန်ဆင်လျက်။

သူတို့လေးတွေပြုံးနိုင်အောင်စွမ်းဆောင်ကြသူတို့ဟာ အဖြူရောင်ဝတ်စုံကိုယ်စီဖြင့် လင်းလက်မူအပေါင်း သရဖူဆောင်းကာ ညလမင်းကြီးအပြိုင် လင်းလက်စွာ။

တစ်ဦးတည်းသောသူဟာလည်း ဘယ်ဘက်‌ပါးထက်က ပါးချိုင့်ရေးရေးလေး ပေါ်‌သည့်အထိ ဒီနေ့မှပြုံးနေတာ မြတ်နိုးစရာ။

အရင်လူကိုမြေမြှပ်လိုက်ပါပြီဆိုတဲ့ သူ့စကားလေး။ မောင့်ဟာမင်းအတွက်အရာရာ စွန့်ရဲတဲ့အထိ ချစ်ပါတယ်ဆိုတဲ့ ကတိ။ မောင်ဟာမင်းလက်ခုပ်ထဲ နေပါရစေဆိုတဲ့ တောင်းဆိုမူ။ မောင်ဟာမင်းရဲ့အရာရာဖြစ်ပေးမယ်ဆိုတဲ့ အထိ မောင်ဟာဆိုတဲ့ စာလုံးလေးနဲ့အစချီလို့ မြတ်နိုးမူများစွာနဲ့ သူ့နှလုံးသားစကားသံတွေဟာ ကိုယ့်နှလုံးသားထက် ပဲ့တင်ထပ်လျက် မြည်ဟီးစေတဲ့ အမျိုးသားငယ် မောင်။

မောင့်အရိပ်حيث تعيش القصص. اكتشف الآن