လွမ်းစရာရှိရင် နာတာနဲ့ဖြေလို့ အများကပြောကြတယ်...
ကိုယ်ကမောင့်ကိုအရာအားလုံးခွင့်လွှတ်ပြီးသားမို့ နာစရာရယ်လို့ သဲတစ်မှုန်စာလောက်တောင် မရှိခဲ့ပါဘူး...
ကုတင်ခေါင်းရင်းက မောင်နဲ့အတူတူရိုက်ထားတဲ့ ပုံလေးကိုငေးရင်း ဒီလိုမျိုးတမ်းတမိတယ်...
'မောင် ဒီလိုပဲပစ်ထားတော့မလို့လား...ကိုယ့်ကအသည်းမာနိုင်မယ် မောင်ကထင်ထားလား ကိုယ်ရူးတော့မယ်မောင် မြန်မြန်ပြန်လာနော် ကိုယ်စောင့်နေမယ်....'
တရူံရူံငိုသံက တိတ်ဆိတ်တဲ့အခန်းထဲပျံလွင့်နေတော့ ကြားရသူဟာတဆစ်ဆစ်နာရတာပေါ့။ဝဲရင်အုံအားလက်နဲ့တင်းတင်းဆုပ်လို့ ပြေးထွက်ချင်စိတ်ကို အခါခါထိန်းရင်း ငိုသံသဲ့သဲ့ဟာလည်း ရင်ကွဲစေတာပါပဲ။
မစား၊မအိပ်တာတွေ ရက်ဆက်လာခဲ့ပြီ သန်မာတဲ့ယောင်္ကျားဆိုဆို နွမ်းလာသမျှတော့ တောင့်ခံနိုင်ရိုးလား ။
ငိုနေရင်းမောလွန်းလို့ထင်ရဲ့ အသက်ရူသံမျှင်းမျှင်းလေးဟာ ဒီအခန်းလေးထဲကျယ်ကျယ်လောင်လောင်ပဲ။
လျှို့ဝှက်ခန်းရဲ့လော့ခ်ဖွင့်သံအဆုံးမှာ ဒီရပ်ဝန်းထဲတိတ်တဆိတ်ခြေချလာသူတစ်ဦးဟာလည်း နွမ်းလျစွာပါပဲ။
ကုတင်ခေါင်းရင်းအား ခက်ယဲ့ယဲ့မှီလျက် ဓာတ်ပုံလေးရင်ဝယ်ပိုက်ရင်း အိပ်ပျော်သူဟာ အသက်ပေးချစ်ရဲခဲ့သူပါ။ မိဘနှစ်ပါးအတွက် ကလဲ့စားချေခဲ့လို့ ကိုယ်တိုင်မကြူးလွန်တောင် သူ့ပယောဂတွေဟာ အလုံးစုံသူ့လက်ပါးစေမို့ သူ့ကိုယ်သူမုန်းခဲ့မိတယ်။
ချစ်ရသူကလည်း မုန်းမယ်ထင်ခဲ့တာပဲလေ။
သိုပေ့မယ် အမုန်းစိတ်ကို မောင့်နှလုံးသားရဲ့မေတ္တာတွေအောက် ခြေနင်းပစ်ခဲ့တာပဲလားကွာ။
မောင်သိပ်ချစ်တာပါ။မောင်ချစ်လွန်းလို့ မင်းအနားမနေရဲတော့တာ။
မောင်ဟာမင်းဘဝရဲ့အလင်းရောင်တွေကို ပြတ်တောက်စေသူပါ။ မောင်ဟာအမှောင်ထဲကမို့ မင်းအတွက်လင်းစေမယ်မထင်ဘူး။
ပါးပြင်းလေးကို ဖွဖွထိတော့ မျက်ရည်စီးကြောင်းလေး ဖြတ်ပြေးရှာတယ်။
![](https://img.wattpad.com/cover/287957376-288-k916090.jpg)