အေးအေးချမ်းချမ်း မြို့သေးသေးလေးမှာ နှစ်ယောက်ထဲဆိုတဲ့အသိ။
ပန်းလှလှတွေကိုယ်တိုင်ပျိုးထားခဲ့တာ အခုပန်းလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပဲဖူးပွင့်နေကြပြီ။
နေရောင်ငြိမ်ငြိမ်လေးအောက် မြက်ခင်းစိမ်းတွေပြည့်နှက်နေတဲ့ တိုက်သေးသေးလေးတစ်လုံးနဲ့အတူ အချစ်ငှက်တစ်စုံနေထိုင်ရာ အသိုက်အမြုံလေး။
နှင်းတွေဟိုဟိုဒီဒီကျတတ်တဲ့ ဆောင်းဦးရာသီလေး။ ချစ်စရာခွေးလေးတစ်ကောင်။ စက်ဘီးပန်းရောင်လေးတစ်စီး။ tiger lilyပန်းတွေဝေတဲ့ ခြံလေး။
ကြည်နူးစရာအပြည့်နဲ့ ဘယ်သူ့ကိုမှကြည့်စရာမလိုတဲ့နေရာလေး။ ရုန်းထွက်လာတဲ့နေ့ထဲက ခဝါချခဲ့တဲ့မာနတွေ၊ဒေါသတွေအတူ Mafiaဆိုတဲ့ ဂုဏ်ပုဒ်။
ချစ်တာတွေကို အပြည့်အဝထုတ်ဖော်ပြသကာ ပေးဆပ်မူတွေပဲရှိလာခဲ့တဲ့ ဒီနှစ်ပိုင်းတွေဟာ သိပ်ကိုလှလာတဲ့ ချယ်ရီတစ်ပွင့်။
'မောင်'
ဒီအသံလေးကြောင့် ဒီနှစ်ပိုင်းတွေဟာ 100%လှပပြီး ပြည့်စုံခဲ့တာ။
လီလီပန်းခြံလေးထဲ နေပူဆာလှုံတတ်တဲ့ကောင်လေးကြောင့် ဗန်ကလိုလေးတောင် အစစ်ဆောက်ထားပေးရတာ။ ချစ်လွန်းတော့နေမင်းကြောင့် မညိုစေချင်တာ မေတ္တာတစ်ခုပါ။
ပန်းတွေကိုတို့ထိရင်းပြုံးသွားတတ် နှင်းဆီဖူးပမာ နူတ်ခမ်းလှလှလေးတွေက လီလီတွေအပြိုင် သူနိုင်ကိုယ်နိုင် မလှချင်းပြိုင်နေကြ။
'ဗျာ'
'မောင်လို့ '
'ဗျာ ဗျ။ မိန့်တော်မူပါ မောင့်ချစ်သည်းလေးခင်ဗျ။'
'ခစ် ခစ်။ '
ရယ်သံလေးတွေပျံ့လွှင့်လာတဲ့ ဒီအိမ်လေးထဲ ပျော်စရာနေ့ရက်တွေပေးနိုင်ဖို့ အခွင့်အရေးပေးလို့ သိပ်ကျေးဇူးတင်တာပါ ချစ်ဆုံးရယ်။
'မောင် ဒီနေ့တအားချောတာပဲ။ မွ မွ။ ချောလို့ဆုချတာ။'
'ကျေးဇူးပါဗျာ။ မင်းယောင်္ကျားပဲ ဒီလောက်တော့ရှိရမှာပေါ့ '
'ဟုတ်တယ် ဟုတ်တယ်။ ငါက WWH (world wide handsome 'ပဲလေ '
'အမှန်ပါပဲဗျာ လာပါဦးချစ်စရာလေးရာ'