ကိစ္စတွေအားလုံးပြီးတာနဲ့ တစ်ခုခုစားဖို့ ဆိုင်လေးတစ်ဆိုင်ရောက်တာနဲ့ အစားတွေမှာပြီ အနောက်ဘက်ခနသွားပြီးပြန်အထွက်မှာ တိုက်ဆိုင်လွန်းတာပဲလား ကံတရားကပဲကြည်ကြည်ဖြူဖြူတွေ့ဆုံစေတာလားမသိ....ချစ်ရတဲ့ကောင်လေးနဲ့ ဒုတိယအကြိမ်ဝင်တိုက်မိတော့ အမိအရလှမ်းဆွဲထားလိုက်တယ် ရင်ခွင်ထဲကို.... အနီးကပ်မြင်ရတယ်ကောင်လေးက ပြစ်ချက်တစ်စုံတစ်ရာမရှိ မျက်လုံးလေးတွေ၊ ပါးနှစ်ဖက်က ပန်းရောင်မို့မို့လေးတွေ၊ဖူးမို့နေတဲ့ နှင်းဆီနီနူတ်ခမ်းလေး...မနည်းစိတ်ထိန်းပြီးလွှတ်ပေးလိုက်ရတယ်..မဟုတ်ရင်ဒီနေရာတင် အဲ့နူတ်ခမ်းလေးအပိုင်သိမ်းမိမှာစိုးရတယ်....
ရှက်လို့ထင်ပါရဲ့ ပြေးသွားလေရဲ့ ကိုယ်ကစချင်လို့ လှမ်းအော်တဲ့အခါ ပြန်ကြည်သွားသေးတယ် ရှက်ပြုံးလေးနဲ့....
"မင်းတော်တော်ရူတ်တာပဲ...."
"မဟုတ်ပါဘူး...Bossကြာနေတော့ တစ်ခုခုဖြစ်နေပြီ ထင်လို့လိုက်လာတာပါ..."
"ဟုတ်ပါပြီ...သွားမယ်.."
ကျွန်တော်ပြန်ထွက်လာတော့ ဒိန်းခနဲ့စောင့်တက်သွားတဲ့ဒေါသတွေ သွေးတွေလည်းပွက်ပွက်ဆူကာ လောင်မြိုက်နေပြီ....အနှီးလူသားဘေးက....ခွေးကောင်ကြောင့်...."Boss!!!...Boss..."
ဒုက္ခပဲ လက်သီးတင်းတင်းဆုပ်လို့ ခုနကကြည်နူးနေတဲ့အချိန်လေးတွေလည်း ဖွဲမီးလိုမရှိတော့...ဒေါသကြောင့်တခြားဝိုင်းကို တန်းတန်းမတ်မတ်လျှောက်သွားတဲ့Bossကြောင့် လိုက်ရပြန်တာပေါ့...."မင်းကိုဒီကောင်နဲ့မပတ်သတ်နဲ့လို့ ပြောထားတယ်လေ..."
လက်ကိုဆွဲလိုက်တော့ လန့်သွားတယ်ထင်ပါရဲ့ ထိုင်နေရာက ထရက်ကလေးပါလာတာတောင် ကြောင်ကြောင်ကြီးနဲ့ကြည့်နေတုန်း...."ကိုယ်ပြောတာ ကြားလား..."
"ကြား....ကြား..ကြားပါတယ်.."
လူကိုရုတ်တရက်ဆွဲထူလိုက်မှတော့ ကြောင်သွားတာပေါ့....သူ့ကိုမြင်ရင် အလိုလိုကြောက်တာ ရူးချင်တယ်...ကြောက်ပါတယ်ဆိုနေမှ မျက်နှာသေကြီးနဲ့အမိန့်တွေပေးနေတယ်...."လာ..သွားမယ်...."
ဟမ်....လို့သာအော်နေတာ လူကပါသွားပြီ..သူ့လက်ထဲကအရုပ်ကျနေရာ...
တစ်ချိန်လုံးဝင်မပြောတဲ့namjoonက အော်သံကြားတော့မှ...
