"ဟယ်လို..."
အိပ်ချင်မူးတူးအသံနဲ့....yoongi"ဟိုလူကြီး..ခင်များဘယ်မှာလဲ..."
"ကျစ်...အိပ်နေတာကွာ...တကယ်ပဲ....မင်းဘာလုပ်ဖို့လဲ..."
ဒီအသေးလေးကတော့...အိပ်နေတဲ့အချိန်ဖုန်းဆက်ရလား...."ခင်များကျွန်တော့်ကားကို ဝင်တိုက်ထားတယ်လေ..."
"အဲ့တော့ ..."
"ခင်များနော်...ကျွန်တော်ကျောင်းသွားမလို့...လိုက်ပို့ရမယ်...."
"မင်းအိမ်မှာကားတစ်စီးမှမရှိဘူးလား..."
"ရှိလည်းမစီးဘူး..."
"အဲ့ဒါဆို taxiစီးသွား ကားခလွှဲလိုက်မယ်...."
တီ~~~~~~~~
"ဟာ....ဒီလူ!!!!! လူယုတ်မာ!!!...."
တက္ကသိုလ်မြေကိုခြေချဖို့ ပြိုင်ကားလှလှလေးဝယ်ထားခဲ့တာလေ...အခုတော့သူလည်းတိုက်သေးတဲ့ ဘာတဲ့taxiနဲ့သွားတဲ့ ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလည်း..."Park jiminကိုဒါမျိုးလာလုပ်လို့မရဘူး...သိမယ်..."
Parkjiminဆိုတာ Usမှာအလှနတ်ဘုရားပဲ မိန်းကလေး ယောင်္ကျားလေးတွေရဲ့ သဘောကျခံလေး...အခုတော့အချေအမိုးခံနေရတော့ အလှလေးခြေဆောင့်ပြီပေါ့.....
"Jin hyung...Bossဆိုတဲ့ဖုန်းနံပါတ်ပေးပါလား..."
"ပေးပါဆိုဗျာ...နော်လို့.....ဘာမှမလုပ်ပါဘူး ကတိပေးတယ် ပေးပါ..."
ဖုန်းနံပါတ်ရတာနဲ့ မဲ့ပြုံးလေးတက်ချက်ပန်ဆင်ရင်းနဲ့"ဟွန့်တွေ့မယ် ဟိုအဘိုးကြီး..."
>>>>>
"ဒီကောင်လေးဘာလုပ်မလို့လဲ...jeonကိုဒုက္ခပေးနေမှဖြင့်...ဟူး...."
ရုတ်တရက်ဖုန်းဆက်ကာ ဖုန်းနံပါတ်အတင်းတောင်း....ဘာမှလုပ်ဘူးလို့ ကတိတွေပေး.....မရမကအတင်းတောင်းသွားတဲ့ ညီဆိုးလေး"ဖြစ်ပါ့မလား...ငါဖုန်းဆက်သင့်....အို...ဘာလို့ဆက်ရမှာလဲ.....ဟာ...ဆက်မှဖြစ်မှာပါ...မဆက်တော့ပါဘူး..."
ဆက်မယ်မဆက်ဘူးနဲ့ အသိစိတ်နှစ်ခု ထိုးစစ်ဆင်နေတဲ့ ဦးနှောက်တိုက်ပွဲထဲက ဓားစားခံနှလုံးသားလေးက
"သူ့အသံလေးကြားရဖို့ ဆက်လိုက်ရမလား...."
ကျွန်တော်ဒီမျက်လုံးဝိုင်းလေးကို သံယောဇဥ်တွယ်နေမိလား မသိပေ့မယ်....အသံလေးကြားရုံတင် ကျွန်တော့်စိတ်တွေက မြူးထူးလို့...